ရွှေတိဂုံစေတီနှင့် ပြည်သူ့ရင်ပြင်သို့ လာရောက်ကြသည့် ပြည်သူများ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်မှ ဖြတ်သန်းသွားလာလျက်ရှိရာ လက်ရှိတွင် လူသွားဥမင်မှ တစ်နေ့လျှင် လူဦးရေ(၃၀၀၀)နှင့် (၄၀၀၀)ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်(Underpass)သည် (၂၃) ပေကျယ်သည့်အတွက် တစ်နာရီ လူပေါင်း (၁၄၀၀၀)ဖြတ်ကူးနိုင်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အခါကြီး ရက်ကြီးများတွင် အဆင်ပြေစွာသွားရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ လမ်းကူးလူသွားဥမင်အတွင်း၌ အတက်အတွက် ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်း၊ အသက်အရွယ်ကြီးသူ များ၊ တွန်းလှည်းအသုံးပြု သွားလာသူများအတွက် အသုံး ပြုရန် ဓာတ်လှေကားနှစ်စင်း ထည့်သွင်း တည်ဆောက်ထားပြီး စီမံကိန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၉) ရက်၌ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်တွင်ပြီးစီးခဲ့ကာ စုစုပေါင်း တည်ဆောက်ချိန် (၁၄) […]