(၁၅-၁၁-၂၀၂၄ ရက်၊ မော်စကို) ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ၁၄-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မင့်စ်စံတော်ချိန် နံနက် ၀၉၃၀ နာရီတွင် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ၎င်း၏ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအလားအလာများနှင့် ဆောင်ရွက်သွား ရန်ရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှ၊အာဖရိကနှင့် လက်တင်အမေရိကဌာန ညွှန်ကြားရေးမှူးချုပ် Mr. Dmitry MIRONCHIK ဦးဆောင်သည့် တာဝန်ရှိသူများနှင့် […]
မော်စကို၊ နိုဝင်ဘာ ၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link