ylliX - Online Advertising Network

ဩစတြေးလျဓာတ်ခွဲခန်းမှ ပျောက်ဆုံးသွားတဲ့ ဗိုင်းရပ်စ်ပိုးထည့် ပြွန် ၃၀၀ ကျော်မှာ ဘာပိုးတွေပါလဲ.

ဩစတြေးလျဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ပိုးများထည့်ထားသည့်ဓာတ်ခွဲခန်းသုံးပြွန်၃၀၀ ကျော်ပျောက်ဆုံးနေတဲ့သတင်းကတော့အားလုံးလည်းသိပြီး ဖြစ်ကြမှာပါ။ အဲဒီပျောက်ဆုံးနေသောဗိုင်းရပ်စ်ပိုးနမူနာ(၃၂၃ခု)ထဲတွင်… 🚨Hendra virus :Zoonotic (တိရစ္ဆာန်မှလူသို)သေစေသောဗိုင်းရပ်စ်ပိုးသည်တုပ်ကွေးကဲ့သိုလက္ခဏာများနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်သည်။ 🚨Lyssavirusခွေးရူးပြန်ရောဂါဖြစ်စေနိုင်သောဗိုင်းရပ်စ်အုပ်စု။ 🚨Hantavirusသည်ပြင်းထန်သောဖျားနာခြင်းနှင့်သေဆုံးခြင်းတိုကိုဖြစ်စေနိုင်သောဗိုင်းရပ်စ်မျိုးစု။ တို့ပါဝင်ကြောင်း၊ ယခုအချိန်ထိ အဆိုပါနမူနာများသည်ခိုးယူခံရခြင်းလား?ဖျက်ဆီးခံရခြင်းလားမသိသေးကြောင်းသိရှိရသည်။ အစစအရာရာ ဂရုစိုက်ကြပါလို့ အသိပေးနှိုးဆော်လိုက်ပါတယ် #crd Source link

ဩစတြေးလျဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်များ ထည့်ထားသည့် ဓာတ်ခွဲခန်းသုံးပြွန်များ ပျောက်ဆုံးနေ

ထိုင်းနိုင်ငံရှိ အထင်ကရ ဦးနှောက်နှင့် အာရုံကြောပါရဂူ ဒေါက်တာ သီရာဗတ်ဟီမာချတ်ဟာက ဩစတြေးလျဓာတ်ခွဲခန်းတစ်ခုမှ လူများကို သေစေနိုင်သော ဗိုင်းရပ်စ်များ ပါဝင်သည့် ဓာတ်ခွဲခန်းသုံးပြွန်အခု ၃၀၀ ကျော် ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်.. Hendra ဗိုင်းရပ်စ်၊ Lyssa ဗိုင်းရပ်စ်နှင့် Hanta ဗိုင်းရပ်စ် တို့အပါအဝင် ပျောက်ဆုံးနေသော ဗိုင်းရပ်စ်များသည် ဇီဝလုံခြုံမှုကန့်သတ်ချက် အမြင့်ဆုံးအဆင့် ချမှတ်ရန် လိုအပ်သော ဗိုင်းရပ်စ်များဖြစ်ပါတယ်.. သီရာဗတ်၏ လူမှုမီဒီယာပို့စ်တွင် ယင်းကူးစက်မြန်ဗိုင်းရပ်စ်များ ပျောက်ဆုံးမှုနှင့် ဆက်နွှယ်သည့် အန္တရာယ်ကို အလေးပေးဖော်ပြထားပါတယ်.. သီရာဗတ်က ယင်းဗိုင်းရပ်စ်များကို မသမာသူများ လက်ထဲရောက်ရှိသွားနိုင်ခြင်း သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်ခြင်း စသည့် အခြေအနေများအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်.. Source link