နေပြည်တော်၊ ဇန်နဝါရီ ၁၃ မြန်မာနိုင်ငံ၏အထိမ်းအမှတ် (Landmark) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia 2024) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။ ထိုကဲ့သို့ ပန်းပွဲတော်နှင့် ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာလှပမှုကို လာရောက်ခံစားကြသည့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အထူးစည်ကားလျက်ရှိသဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ တစ်ပတ်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရှိရသည်။ ပြင်ဦးလွင်ဒေသသည် မြန်မာနိုင်ငံ၏ ခရီးသွားဒေသများအနက် အထင်ကရဒေသတစ်ခုဖြစ်ပြီး အေးမြပြီးသန့်ရှင်းလတ်ဆတ်သည့် ရာသီဥတုနှင့် စိမ်းလန်းစိုပြေသည့် […]
နေပြည်တော်၊ နိုဝင်ဘာ ၂၁ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် […]