အသက် ၂ဝအရွယ် လူငယ်အများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို တရားမဝင်လာရောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်လိုက်တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့ နယ်၊ ဟွေ့ခယိန်ကျေးရွာ ဖယ်အောင့်စွတ်လှေဂိတ်အနီးကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ လ.ဝ.က ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့သိရပြီး အရေးယူပြီးတဲ့အခါမှာတော့ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ကာ နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ Crd# Source link
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှထံမှလှူဒါန်းသည့် ငွေကျပ် သိန်း (၁၀၀) နှင့် (၁၂၆) သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်း | Ministry Of Information Skip to main content Breadcrumb Home / နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှထံမှလှူဒါန်းသည့် ငွေကျပ် သိန်း (၁၀၀) နှင့် (၁၂၆) သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်း Source link
တီးတိန်မြို့၊ ခလရ ၂၆၈ ၊ ခလရ ၂၆၉ နှင့်မြို့မ ရဲစခန်းမှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည် ရန်ကုန်၊ ဒီဇင်ဘာလ ၂၁ ချင်းပြည်နယ်၊ တီးတိန်မြို့တွင်းမှ စစ်ကောင်စီတပ်သား ၄ ဦးအလင်းဝင်ရောက်လာပြီး လက်နက် ခဲ ယမ်းယူဆောင်လာနိုင်သည့် တပ်သား ၁ ဦးကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့တွင်း၌ တာဝန်ထမ်းဆောင်နေသော ခလရ ၂၆၈ တပ်ရင်းမှ တပ်သား စစ်ပိုင်ဖြိုး ၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား […]
၂၀၂၄၊ ဒီဇင်ဘာ – ၂၀ ( သောကြာနေ့) ၂၀၂၂ ရုရှား – ယူကရိန်း ပဋိပက္ခ စတင်တဲ့အချိန်ကနေ စပြီး အမေရိကန်က ယူကရိန်းနိုင်ငံကို စစ်လက်နက် အကူအညီ အပြင် အခြားထောက်ပံ့ရေးပစ္စည်းများ ပေးနေတာ အခုဆိုရင် ကန်ဒေါ်လာပေါင်း ဘီလီယံ ၁၀၀ ကျော်သွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် က နယူးယောက်ခ်မြို့ရှိ နိုင်ငံခြားဆက်ဆံရေးကောင်စီအစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။ အဲဒီ ပိုက်ဆံ တစ်လုံးတစ်ခဲကို ကာကွယ်ရေးဝန်ကြီးဌာနသုံးဖို့အတွက် သမ္မတ ဂျိုးဘိုင်ဒန်က ခွင့်ပြုခဲ့တာပါ။ ဘိုင်ဒန်က သူ့ရာထူးကနေ အနားမယူခင်မှာ ကွန်ဂရက်ကခွင့်ပြုတဲ့ ငွေတွေကို ယူကရိန်းအတွက် တစ်ပြားမကျန်အောင် သုံးလိုက်တာပါလို့လည်း ဆိုပါတယ်။ ယူကရိန်းကို အမေရိကန်ထုတ် လက်နက်ထောက်ပံ့ဖို့နဲ့ အခြားအကူအညီတွေ ပေးဖို့အတွက် အမေရိကန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေပိုရလာခဲ့လို့ […]
ဒေါက်တာမျိုးကြွယ် နိုင်ငံတကာစိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနများ (Separate Departments)၊ အထူးပြုဘာသာရပ်အသစ်များ(New Majors/Specializations) (အဆက်) နိုင်ငံတကာတက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာကို ပုံစံအမျိုးမျိုးနှင့် ဖွဲ့စည်းပုံအမျိုးမျိုးဖြင့် ဆောင်ရွက်နေပါသည်။ (၁) လူအမည်၊ ပြည်နယ်၊ မြို့/ရွာ၊ နိုင်ငံအမည်အစွဲပြုပြီး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Agricultural University/University of Agriculture) ခေါ်လေ့ရှိပါသည်။ ဥပမာ-ဆိုကိုင်းစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တန်ဇန်းနီးယားနိုင်ငံ (ဒုဝန်ကြီးချုပ်အမည်ကို ဂုဏ်ပြုထား) (Sokoine University of Agriculture, Morogono City, Tanzania)၊ ဘိုဂါစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဘိုဂါမြို့ အင်ဒိုနီးရှားနိုင်ငံ (ဘိုဂါမြို့ကို ဂုဏ်ပြုထား) (Bogor Agricultural University, Bogor City, Indonesia)၊ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ပန်ဂျပ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (ပန်ဂျပ်ပြည်နယ်ကို ဂုဏ်ပြုထား) (PAU […]
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေးအတွက် (၅)နှစ် စီမံကိန်းချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစီအစဉ်ဖြင့် မိုးစပါးရည်မှန်းချက် အထွက်နှုန်းရရှိရေး စနစ်ကျစက်မှုလယ်ယာဧက (၁၀၀) စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်ဧက ၁၀၀ လုံးတွင် နေကြာစိုက်ဧက ၅၀ နှင့် ပဲပုပ်စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် […]
တရုတ်ပြည်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ဒဏ်ကို ကြီးမားစွာ ခံစားနေရသည်။ ပေကျင်းမြို့တော်သို့ ရောက်လျှင် ထိုအချက်ကို ချက်ချင်းတွေ့မြင်သိရှိနိုင်သည်။ သစ်တောပြုန်းတီးမှု၏ အကျိုးဆက် မည်သို့ရှိသည်ကို မြို့ပြတွင် မျက်ဝါးထင်ထင်တွေ့မြင်လာရခြင်းဖြစ်သည်။ ပေကျင်းတွင် အဆိပ်သင့် ဖုန်မှုန့်တိမ်တိုက်များနှင့် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားမှုတို့မှာ မြို့ပြနေ ပြည်သူတို့၏ နေ့စဉ်ဘဝကို ခြိမ်းခြောက်လာနေသည်။ ထိုအခြေအနေများကို ရင်ဆိုင်တိုက်ဖျက်ရန်အတွက် တရုတ်အစိုးရတွင် ရည်မှန်းချက်ကြီးမားသော စီမံကိန်းတစ်ခု ရှိနေသည်။ ဂိုဘီသဲကန္တာရကြီး၏ သက်ရောက်မှုများကို ကာဆီးရန်အတွက် တရုတ်အစိုးရက သစ်ပင်တို့ဖြင့် ဖွဲ့စည်းထားသော အစိမ်းရောင်မဟာတံတိုင်းကြီး သဲကန္တာရကို ဝန်းပတ် တည်ဆောက်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လေ့လာချက်များအရ အဆိုပါစီမံကိန်းမှာ အကျိုးရှိ ၊ အလုပ်ဖြစ်ကြောင်း သိလာရသည်။ (တရုတ်အစိုးရက ဂိုဘီသဲကန္တာရကြီးကို ဟန့်တားကာကွယ်ရန်အတွက် ကြီးမားသော တောအုပ်တံတိုင်းကြီး တည်ဆောက်ရန် အပင်ပေါင်းများစွာ စိုက်ပျိုးနေသည်။ […]
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ထိုင်းနိုင်ငံသို့ အောက်လမ်းမှတစ်ဆင့် သွားရောက်ပြီး စစ်မှုမထမ်းရရေး တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံမြို့နယ်အတွင်းတွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an Newsက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဒီဇင်ဘာလအတွင်း စစ်တပ်က ဘားအံမြို့နယ်၊ သံလွင်တံတားတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို အထူးတင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ ဘားအံ-လှိုင်းဘွဲ့လမ်း၊ ထီလုံဒေသတွင်လည်း စစ်တပ်က ဂိတ်ချ၍ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်မှုများရှိနေကြာင်း သိရှိရသည်။ “ထိုင်းနဲ့ နယ်စပ်ဖက်သွားမယ့် သူတွေကို ပိတ်ဖမ်းပြီး သင်တန်းပို့လိုက်တာမျိုး စစ်တပ်က လုပ်နေတယ်။ အဓိက သူတို့ ပိတ်ဖမ်းတာကလေ သံလွင်တံတားနဲ့ […]
ကချင်ပြည် ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည် စစ်ဘေးရှောင်များထဲတွင် လက်ရှိတွင် (၁၀၀)ကျော်သည် ကျန်ရှိနေသေး ဒေသခံများက ပြောသည်။ ဗန်းမော်မြို့ ဒေသခံများသည်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့ကြောင့် တိုက်ပွဲစဖြစ်ချိန်တွင် ရွှေကူမြို့ ၂၅၀၀ ဘုရားကျောင်းတွင် စစ်ရှောင် ၃ထောင်ကျော်သည် လာရောက်ခိုလှုံခဲ့ရာ လက်ရှိတွင် စစ်ဘေးရှောင် ၁၀၀ ကျော်သာကျန် ရှိတော့ကြောင်း၊ ထိုသူများကို ရွှေကူမြို့ဒေသခံများက စားဝတ်နေရေးအတွက်အကူညီများပေးနေကြောင်း ရွှေကူမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့ စပြီး ပြေးလာတဲ့အချိန်တုန်းကတော့ ရွှေကူ ၂၅၀၀ ဘုရားမှာ လူဦးရေးက ၃ ထောင်ကျော်လောက် ရှိတယ်။ အခုကတော့ […]
(241206) — YANGON, Dec. 6, 2024 (Xinhua) — Participants pose for a group photo during the awarding ceremony of the Bank of China (BOC) Scholarship Program in Yangon, Myanmar, Dec. 6, 2024. The Bank of China (Hong Kong) Yangon Branch awarded stipends and scholarships to 100 Myanmar students from the University of Yangon for the […]