နွေဦးတော်လှန်ရေးကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တာ တနှစ်ပြည့်သွားခဲ့ပြီဖြစ်ပါ တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်အတွင်း မြို့ပေါင်း ၈၀ ကျော် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်တခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တခု၊ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လေးခုအပါအဝင် တပ်ရင်းတပ်ဖွဲ့ဌာနချုပ်(၁၃၀)ကျော်ကို စစ်တပ်အင်္ဂါစဉ်ထဲကနေ လုံးဝပျောက်သွားအောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးတွေအဖြစ် ရခိုင်ပြည်နယ်အပါအဝင် တော်လှန်ရေးဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ စစ်ဆင်ရေးတွေပေါ်ပေါက်လာခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ The post တရုတ်ဖိအားနဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်လိုရှေ့ဆက်မလဲ (ဆောင်းပါး) appeared first on BUR.MIZZIMA.COM. Source link
ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ညီနောင်သုံးဖွဲ့ ဦးဆောင်သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ (အောက်တိုဘာ ၂၇ ) တွင် စစ်ကောင်စီလေတပ်က ကိုးကန့်နှင့် တအာင်းတပ် အခြေစိုက်ရာ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရခဲ့သည်။ ပစ်မှတ်ထားခံရသည့် မြို့များမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လောက်ကိုင်နှင့် သိန္နီမြို့၊ တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နောင်ချိုမြို့တို့ဖြစ်သည်။ အောက်တိုဘာ ၂၇ သို့ ကူးပြောင်းသည့် ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့် တွင် လေယာဉ်တစ်စီးက လောက်ကိုင်မြို့ကို သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ပေါ်ရှိ Henry Hotel […]
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ […]
RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLF/TNLA) မှ တပ်မတော်သားများနှင့် ပူပေါင်းတပ်မှအသက်ပေးလှူသွားသူများအားရည်စူး၍ ယနေ့ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဉ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ […]
ကျယ်လောင်လှတဲ့ လေယာဉ်အင်ဂျင်စက်သံဟာ စိတ်ဆိုးဒေသထွက်နေသည့်အလား သျှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတွေပေါ်ကို ညသန်းခေါင် လူအိပ်မောကျချိန် ဖြတ်ကျော်ပျံသန်းပြီး မီးလောင်ပေါက်ကွဲစေတဲ့ ဗုံးတွေကို အဆက်မပြတ် ကြဲချတိုက်ခိုက်နေပါတယ်။ စစ်ဘီလူး လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီတပ်ဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်တွေထံ ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ညစဉ်နီးပါး လေကြောင်းဗုံးကြဲနေတာပါ။ “ညသန်းခေါင် လူအိပ်ပျော်နေတဲ့အချိန်ဆို လေယာဉ်လာတတ်တယ်။ အဲ့တာကြောင့် အိပ်ပျော်အောင် မအိပ်ရဲဘူး၊ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မယ် မပြောတတ်ဘူးလေ။ စိုးရိမ်တာတော့ မိုးပေါ်ကနေ ဗုံးကြဲတာဆိုတော့ ပစ်မှတ်လွဲရင် ကိုယ့်အိမ်ပေါ် ကျကွဲမှာပဲ။ နေ့တိုင်း ကြောက်စိတ်နဲ့ နေရတယ်”လို့ ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ နေထိုင်တဲ့ စိုင်းလူက ပြောပါတယ်။ စစ်ကောင်စီလေကြောင်းကြောင့် ပျက်စီးသွားသည့် လားရှိုးအရပ်သားနေအိမ်များ စက်တင်ဘာ […]
ကိုးကန့် မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၁၂ နာရီကျော်တွင် လေကြောင်းမှ ဗုံး ၂ ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီကို တုန်လှုပ်စေခဲ့သည့် ညီနောင်မဟာမိတ်များ၏ “၁၀၂၇ စစ်ဆင်ရေး” တနှစ်ပြည့်နေ့တွင် လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံး ၂ ကြိမ်ကြဲချ တိုက်ခိုက်ရာ မြို့တွင်း အဆောက်အအုံများ ထိခိုက် ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။ “လူထိခိုက် သေဆုံးမှုရှိမရှိ မသိသေးဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။ ယနေ့ ကျရောက်သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့တွင် သျှမ်းမြောက် ဒေသကို စစ်ကောင်စီ လေကြောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်မည် […]
မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ကစတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ တစ်နှစ်ပြည့်ခဲ့ပြီ။ ထိုစစ်ဆင်ရေး စတင်ချိန်တွင် ‘ကိုးကန့်မျိုးနွယ်စုချင်း လက်စားချေသည့်စစ်ပွဲ’ ဟု စစ်ကောင်စီက ပေါ့ပေါ့တန်တန်တွက်ဆခဲ့သော်လည်း စစ်ပွဲတစ်နှစ်တာအတွင်း ကြီးမားသည့်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်သမိုင်းတလျှောက် အခက်ခဲဆုံးနေ့ရက်များပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ မြန်မာစစ်တပ်သည် ၁၉၄၈၊ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်များ၏ ကြိမ်ဖန်များစွာသော ပုန်ကန်ခြားနားမှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း နှစ် ၈၀ နီးပါးအတွင်း တရုတ်နယ်စပ်မှစတင်သည့် မည်သည့်ပုန်ကန်မှုကမှ ‘၁၀၂၇ စစ်ဆင်ရေး’ ကဲ့သို့ ပြည်မမှ စစ်ဗိုလ်ချုပ်ကြီးများ အထိတ်တလန့် မဖြစ်စေခဲ့။ တစ်နှစ်သား ၁၀၂၇ စစ်ဆင်ရေးအတွင်း […]