◾ ပါဆယ်ထုပ်ပိုးသည့်အလုပ်ကို လုပ်နေကြခြင်းဖြစ်ပြီး အလုပ်ရှင်မည်သူမည်ဝါဆိုသည်ကို ထုတ်မပြော၍ စစ်ဆေးနေ ၁၃.၁၂.၂၀၂၄Written By Zun ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၂၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်အတွင်းရှိ ဂိုဒေါင်တစ်ခုတွင် အလုပ်လုပ်နေကြသော တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၂၈ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိုဒေါင်တွင် မြန်မာနိုင်ငံသားများ ရောက်ရှိနေကြပြီး အထောက်အထားမဲ့များ ဖြစ်နိုင်ကြောင်း ပြည်သူများ သတင်းပေးတိုင်ကြားချက်အရ စမွတ်ဆာခွန်ခရိုင် Phanthai Norasing ရပ်ကွက်ရှိ ဂိုဒေါင်ကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ […]
(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ 22/11/24 Diary in the darkness ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေနဲ့ တရုတ်လုံခြုံရေး ကုမ္ပဏီတပ်တွေ နေရာယူထားပြီလို့ သူငယ်ချင်းတစ်ယောက်က စိုးရိမ်တကြီး ဖုန်းဆက်တယ်။ ခုတလော မြန်မာပြည်သူတွေဟာ တရုတ်လုံခြုံရေးကုမ္ပဏီတွေက မြန်မာ့လုံခြုံရေးကို တာဝန်ယူတော့မယ်၊ တရုတ်လက်နက်ကိုင်တွေ မြန်မာပြည်ထဲ ဝင်လာတော့မယ်၊ နွေဦးတော်လှန်ရေးကို တရုတ်က နှိပ်ကွပ်တော့မယ် ဆိုတဲ့ သတင်းတွေ တဟုန်ထိုး ပျံ့နှံ့နေတယ်။ မြန်မာပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့အတူ တရုတ်ဆန့်ကျင်ရေးစိတ်တွေ တဖွားဖွားပေါ်လာနေကြတယ်။ စစ်ရှုံးလို့ ကြံရာမရ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ တရုတ်သည်သာအမိ၊ တရုတ်သည်သာ အဖ စီမံချက်ကြီးကို လူထုက ရွံရှာ စက်ဆုပ်နေကြတယ်။ စစ်ကောင်စီကို မုန်တီးရွံရှာတဲ့စိတ်ဟာ တရုတ်အပေါ်ကို ပုံကျလာနေပါပြီ။ တရုတ်ဟာ မြန်မာလူထုကို မင်းအောင်လှိုင်နဲ့ပေါင်းပြီး […]