တိုင်းစစ်ဌာနချုပ်အလိုက် တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများဇယားပေါင်းချုပ်ကို ၂၀၂၄ နိုဝင်ဘာမှာစတင်ပြီး ၂ ပတ် တစ်ကြိမ်တင်ပေးပါမယ်။ လူမှုကွန်ရက်ပေါ်မှာ တပ်မတော်ရဲ့ထိခိုက်ကျဆုံးတွေကို သတင်းအတုများ၊ ပုံကြီးချဲ့သတင်းများကို ဆန့်ကျင်ဘက်မီဒီယာများက လှုံ့ဆော်နေပြီး ရန်သူရဲ့ အလောင်းကောက်စစ်နည်းဗျူဟာအရ ရန်သူထိခိုက်ကျဆုံးမှုအခြေအနေကို မသိသူများအတွက် မြေပြင်မှာရန်သူထိခိုက်ကျဆုံး (အလောင်းရရှိ) စာရင်းများကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဓာတ်ပုံ၊ မှတ်တမ်းအထောက်အထားများနဲ့ ခိုင်မာသည့်ရန်သူ့ကြားဖြတ်သတင်းများအရ ရရှိသည့်ကိန်းဂဏန်းများဖြစ်ပြီး ယခုထက်ပိုမိုများပြားနေကြောင်း သိရှိရပါတယ်။ Source link
(၁၅-၁၁-၂၀၂၄ ရက်၊ မော်စကို) ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ၁၄-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မင့်စ်စံတော်ချိန် နံနက် ၀၉၃၀ နာရီတွင် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ၎င်း၏ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအလားအလာများနှင့် ဆောင်ရွက်သွား ရန်ရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှ၊အာဖရိကနှင့် လက်တင်အမေရိကဌာန ညွှန်ကြားရေးမှူးချုပ် Mr. Dmitry MIRONCHIK ဦးဆောင်သည့် တာဝန်ရှိသူများနှင့် […]
https://www.myawady.net.mm/sites/default/files/MWD%2015-11-2024.pdf မြဝတီသတင်းစာ Source link