ylliX - Online Advertising Network

International Migrants Day 2024 တွင် စင်ကာပူမြို့၊ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ (၁၆-၁၂-၂၀၂၄ ရက်)

(၁၆-၁၂-၂၀၂၄ ရက်၊ စင်ကာပူ) စင်ကာပူနိုင်ငံလူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower-MOM) မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပွဲတော်ကို ၁၅-၁၂-၂၀၂၄ ရက် တွင် စင်ကာပူမြို့ Jurong Lake Gardens ၌ ကျင်းပခဲ့ရာ စင်ကာပူ အခြေစိုက် မြန်မာသံရုံးမှ ပါဝင် ဆင်နွှဲခဲ့ပါသည်။ International Migrants Day 2024 သို့ မြန်မာသံရုံးအပါအဝင် စင်ကာမြို့အခြေစိုက် ဘင်္ဂလား ဒေ့ရှ်သံရုံး၊ တရုတ်သံရုံး၊ အိန္ဒိယသံရုံး၊ ဖိလစ်ပိုင်သံရုံး၊ သီရိလင်္ကာသံရုံး၊ ထိုင်းသံရုံး၊ ဗီယက်နမ် သံရုံး၊ အင်ဒိုနီးရှားသံရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပြခန်းပေါင်း (၃၂) ခန်းဖြင့် ပါဝင်ပြသခဲ့ကြပြီး သက်ဆိုင်ရာ ဒေသထုတ်ကုန်များနှင့် အစားအစာများကို ခင်းကျင်းပြသခြင်းနှင့် ယဉ်ကျေးမှု […]

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ် ရေးနေ့အခမ်းသို့ တက်ရောက် (၁၆-၁၂-၂၀၂၄ ရက်)

(၁၆-၁၂-၂၀၂၄ ရက်၊ ကွာလာလမ်ပူ) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် ၁၃−၁၂−၂၀၂၄ ရက်၊ ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်သည့် (၇၉) ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့ မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီး ရှားသံအမတ်ကြီး H.E. Mr. Hermono ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကွာလာလမ်ပူမြို့ အခြေ စိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source link

“မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ ပါဝင်တက်ရောက် (၁၆-၁၂-၂၀၂၄ ရက်)

(၁၆-၁၂-၂၀၂၄ ရက်၊ တိုကျို) ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကြီးမှူး၍ “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” ကို ၁၃-၁၂-၂၀၂၄ ရက် (သောကြာနေ့) တွင် နာဂိုယာမြို့ရှိ Nagoya Chamber of Commerce and Industry ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖိုရမ်သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု အခက် အခဲကို ဖြေရှင်းနိုင်ရန် ပြည်ပမှလူ့စွမ်းအားအရင်းအမြစ်များ လက်ခံနိုင်ရေးကို အလေးထား စဉ်းစားလျက် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ပါသည်။ ဖိုရမ်သို့ Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ၆-၁၂-၂၀၂၄ ရက်နေ့မှ ၁၆-၁၂-၂၀၂၄ ရက်နေ့ထိ ဆုရရှိမှုအခြေအနေ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ၆-၁၂-၂၀၂၄ ရက်နေ့မှ ၁၆-၁၂-၂၀၂၄ ရက်နေ့ထိ ဆုရရှိမှုအခြေအနေ Source link