ylliX - Online Advertising Network

မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် (၂၀)ကျော် ချမှတ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့များ လာရောက်ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် (၂၀)ကျော် ချမှတ်ကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့တွင် နှစ်ကုန်အချိန် (ဒီဇင်ဘာလ အစ)တွင် မူးယစ်ဆေးဝါးသုံးစွဲများကို မူးယစ်ရဲတပ်ဖွဲ့က အမှုလိုအပ်မှုအတွက် လိုက်လံဖမ်းဆီးရာတွင် ထုံးစံဖြစ်နေကြောင်း ၊ ယခင်နှစ်ဖမ်းဆီးမိသူကို ငွေဖြင့် ပြန်လည် ရွေးခိုင်းပြီး ယခုနှစ် ဖမ်းမိသူကို ထောင်ဒဏ် နှစ်(၂၀) ကျော် ချမှတ်ကြောင်း မိုင်းတုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုင်းတုံမြို့မှာ နှစ်ကုန်ပိုင်းမှာ မူးယစ်နှင့် ဆက်စပ်ပြီး သုံစွဲသူကို ဖမ်းတယ် နှစ်ကုန်ပိုင်း အထက်လူကြီးသတ်မှတ်ထားတဲ့ အမှု့လိုအပ်တဲ့အတွက် ဖမ်းဆီးနေတာဖြစ်တယ်။ နှစ်တိုင်းဖမ်းတာတော့ ထုံးစံဖြစ်နေပြီ အရင်နှစ်ဆို ပိုက်ဆံပေးပြီးပြန်ရွေးလို့ ရတယ်။ အခုနှစ်က ထောင်ဒဏ်ကို ချမှတ်တာ ဘာရည်ရွယ်ချက်နဲ့တော့ […]

စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ထားတာတောင် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ပြည်သူ ၁၀ဦးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုလို့ ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်မှာ မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆နာရီခွဲအချိန် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ​အဲ့ဒီရပ်ကွက်ရှိ ဒေသခံ (၁၀) ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို လိုက်လံရှာဖွေရှင်းလင်းနေတယ်လို့ သိရပါတယ်။၎င်းဗုံးကြဲတိုက်ခိုက်မှုဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA က စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ TNLA ဘက်က ဗုံးကြဲခံပြည်သူတွေကို […]

ထိုင်းမှာတားမြစ်ထားတဲ့ E-cigarettes လုပ်ငန်းခွင် စီးနင်းမှု မြန်မာအမျိုးသမီး ၂၀ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီး ၂၀ကျော်ထဲမှာ တဝက်လောက်က အလုပ်အကိုင်ခွင့်မရှိ အထောက်အထားမဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘော မြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက်ထုတ်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၄ခုနှစ်ကစပြီး တားမြစ်ထားတဲ့ အီးစီးကရက်တွေကို ထုတ်လုပ်နေတာကို သတင်းရတာကြောင့် ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၈ရက်နေ့က ရှောင်တခင်ဖမ်းဆီးရင်း မြန်မာအမျိုးသမီးအလုပ်သမား ၂၀ကျော်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။ “သူတို့က ဘန်ကောက်မြို့နယ်ထဲမှာရှိတဲ့ဘန်ဘောမြို့နယ်ထဲမှာ E-cigarettes […]