RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။ NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားချုပ်နှောင်ခံရသူများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုထားပြီး၊ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားချင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအားကောက်နုတ်တင်ပြအပ်ပါသည်။ #RedNewsAgency #RNA #REDNEWS #NUG Source link
RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။ ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link