ylliX - Online Advertising Network

MPT က ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နှစ်သစ်ကာလအတွင်း MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံထူးသူများကို ပထမအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် အခြားဆုများ ချီးမြှင့်ခဲ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများအား များစွာ စိတ်ကျေနပ်မှုကို ပေးအပ်နိုင်ခဲ့သည့်အတွက် MPT သည် ထပ်မံပြီး ဒုတိယအကြိမ်  ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် တယ်လီကွန်းဆုများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ […]

MPT က ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်

(ရန်ကုန်၊၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်) _ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နှစ်သစ်ကာလအတွင်း MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံထူးသူများကို ပထမအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် အခြားဆုများ ချီးမြှင့်ခဲ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများအား များစွာ စိတ်ကျေနပ်မှုကို ပေးအပ်နိုင်ခဲ့သည့်အတွက် MPT […]

ကျိုက်ထိုမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၃ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ နိုဝင်ဘာလ ၁ ရက်နေ့ ၁၂၃၀ အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ပဲခူးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ အေးမင်းပိုင် မောင်းနှင်လာသည့် TOYOTA PASSO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အေးမင်းပိုင်(၃၃)နှစ်အား ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link