မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း နဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်များရဲ့ အခက်အခဲများ အတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှု များကို နိုဝင်ဘာ ၂၃နဲ့ ၂၄မှာ ပြုလုပ်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဥရောပ အပါအဝင် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတို့က ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့သူများ၊ ကူညီထောက်ပံ့သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။တွေ့ဆုံဆွေးနွေးမှု နှစ်ရပ်တွင် ပါဝင် တက်ရောက်သူများက မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ ရှေ့လုပ်ငန်းစဉ်များ […]
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ အာဏာကိုမတရားနည်းဖြင့် ရယူထားသော စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီဟု ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောကြားသည်။ ဖက်ဒရယ်စနစ်ကို ပုံဖော်မည့် ပြည်ထောင်စုသစ်တခု တည် ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား ဘုံသဘောထားများ ချမှတ်ပြီး လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမည် စသဖြင့် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့) တွင်ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်ထုသို့ ပေးပို့သည့် ရဒဘော်သံခဲ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။ “စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်မှုက […]