ရန်ကုန်၊ ဒီဇင်ဘာ ၂၁ အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses သည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ ယင်း ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း […]
(၁၉-၁၂-၂၀၂၄ ရက်၊ ဂျကာတာ) အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန် သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပ ပြုလုပ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (၂.၇၁၆)သန်း doses of Polio bOPV ကို ပို့ဆောင်ခြင်း အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. […]