ylliX - Online Advertising Network

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing ပြိုင်ပွဲကြီး

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် Professional Boxing ပြိုင်ပွဲသို့ MBC မှမျက်နှာသစ်ကစားသမားများဖြစ်သည့် နိုင်လတ်မှ (၅၉)ကီလို၊ နော်ဖုန်းမှ (၅၂ ဒသမ ၁)ကီလိုနှင့် စောလင်းအောင်မှ (၅၃)ကီလိုတို့တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ Boxing ကစားသမား(၃)ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှစတင်၍ မြန်မာလက်ဝှေ့အဖွဲ့ချုပ်၏ သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ Camp သွင်းကာလေ့ကျင့်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၁၉ ရက်မှစတင်ပြီး Japan Boxing Commission(JBC)၏ ဒိုင်ချူပ်နှင့်နည်းပြတာဝန်ထမ်းဆောင်နေသော Mr,Tanaka က(၂)ပတ်ခန့်လာရောက်လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ […]