ylliX - Online Advertising Network

ကျောက်မဲမှာ ဗုံးကြဲ တိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရမှုရှိ

ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့မှာ တနင်္လာနေ့က ဗုံးကြဲ ခံရတဲ့အတွက် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့က အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြပါမယ်။ တအာင်းပြည်တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့က ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဇန်နဝါရီလ ၂၇ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်မှာ လေကြောင်းနဲ့ ဗုံးလာကြဲလို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အကြောင်း မျက်မြင်တွေ့တဲ့ ကျောက်မဲဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ “ထိတာကတော့ ၄ ယောက်လောက်ထိမယ်။ အမျိုးသား ၁ ဦးကတော့ သေသွားတယ်။” ဇန်နဝါရီလ ၂၅ ရက်၊ ပြီးခဲ့တဲ့ […]

စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင် – Khit Thit Media

စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ ၂၇ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စလင်းမြို့နယ် ခလရ ၂၅၃ တပ်ရင်း အတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဒေါင်းစစ်အောင် (LPDF) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခလရ […]

ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန် တစ်လကို မြန်မာငွေ သိန်း ၄၀၀ လောက်ရနေတဲ့ ပြည်ပေး CDM တစ်ဦးအား ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ ဝင်ရောက်စည်းနင်းခဲ့ရာ လိင်တု သုံးချောင်း၊ ဝက်ဝံရုပ်တစ်ခု၊ ဖုန်းနဲ့ ကင်မရာ ၂ လုံး၊ ချောဆီ ၃ ဘူး၊ ကွန်ဒုံး ၁၈ ခု သိမ်းဆည်းရမိ” ဟုလည်း (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။ ထိုသတင်းအမှားကို […]

“အောက်သက်ကျေမှုကို လက်ဆင့်ကမ်းပြီး ရခဲ့တယ်” – Myanmar Now

တောထဲတွင် ရှင်သန်ရေး၊ စားရေးသောက်ရေးအတွက် ရုန်းကန်ကြရသလို စစ်တိုက်ရန်လည်း ပြင်ဆင်ထားခြင်းဖြင့်   တော်လှန်ရေးအောက်သက်ကျေသည့် မဟာမိတ်တပ်များကဲ့သို့ ပြုမူခဲ့သည်ဟု    တော်လှန်ရေးသမားတစ်ဦးဖြစ်သည့် ရဲဘော်မိုးနေလက ပြောသည်။  ရဲဘော်မိုးနေလသည်  ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ဗဟိုကော်မတီဝင် ဖြစ်သည်။  ရခိုင်-မကွေး နယ်စပ်တွင်   အခြေစိုက်သလို နိုင်ငံအလယ်ပိုင်းတွင် တပ်တချို့ ဖြန့်ကျက်ထားသည့်   PIA သည်  ရခိုင်ပြည်နယ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။  ၁၀၂၇ စစ်ဆင်ရေး၊ နိုင်ငံ အလယ်ပိုင်းစစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်နေသည်ဟု သိရသည်။  Myanmar Now က ဆက်သွယ် မေးမြန်းစဉ်  ရဲဘော်မိုးနေလက အာရက္ခတပ်တော် (AA) ထံတွင် စစ်ပညာ ခက်ခက်ခဲခဲ သင်ယူရပုံ၊  ကျောင်းသားများ နှင့် CDM ဝန်ထမ်းများ ပါဝင်သည့်  […]

အင်းစိန်ထောင်တွင် သေဒဏ်ကျခံထားရသည့် CDM ရေတပ်သား နိုင်ကျဉ်းသေဆုံး

အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် စစ်ကောင်စီက သေဒဏ်ပြစ်ဒဏ်ချမှတ်ပြီး အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားသည့် ရေတပ်တပ်သား ကိုပြည့်စုံဦးသည် နိုဝင်ဘာ ၃၀ရက်တွင် ကွယ်လွန်သွားကြောင်း နိုင်ကျဉ်းအရေး ဆောင်ရွက်နေသူများထံမှသိရသည်။ အသက် ၃၄ နှစ်အရွယ် အဆိုပါရေတပ်သားသည် ရန်ကုန်မြို့သံလျင်ရေတပ်စခန်းမှဖြစ်ပြီး  စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ကာ ပြည်သူနှင့်အစောဆုံးပူးပေါင်းခဲ့သူဖြစ်သည်။ သူ၏ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၂ရက်) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သုဿန်တစ်ခုတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ အကျဉ်ထောင်ထဲတွင် ရေသန့်စက် တပ်ဆင်ထားသည်ဆိုသော်လည်း အကျဉ်သားများကို သောက်သုံးရေလုံလောက်စွာ မပေးခြင်း၊ သန့်ရှင်းသည့်သောက်ရေကို အသုံးမပြုရဘဲ ခဲဓာတ်ပါဝင်မှုများသည့် သောက်သုံးရေကို သောက်ရခြင်းကြောင့် ကျောက်ကပ်ရောဂါဖြစ်ကာ ပြည့်စုံဦး သေဆုံးခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။ “ကိုပြည့်စုံဦးကလည်း ထောင်ထဲရောက်ပြီးသွားတဲ့အချိန်မှပဲ ဒီကျောက်ကပ်ရောဂါဝေဒနာ ခံစားရတာကို […]

CDM ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းများနဲ့ PLA တပ်မှုးတပ်သားများ ဆုံတွေ့

သစ်တောဝန်ကြီးဌာန CDM ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းများနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA တပ်မှုးတပ်သားများ ဆုံတွေ့ခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။အဆိုပါ ဆင်ဦးစီး၊ ဆင်ထိန်းနဲ့ ဆင်တွေဟာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနယ်မြေတွေထဲက စစ်အုပ်စုပိုင် ဆင်ဝိုင်း ၁၁ဝိုင်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း CDM ပြုလုပ်ထားတာဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထိန်းချုပ်နယ်မြေထဲရှောင်တိမ်းလာခဲ့တဲ့အတွက် PLA က ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ “ဆင်ဝိုင်းများမှ ဆင်တချို့၏ နံမည်များမှာ​ဆင်မလေး လှအေး၊ နှင်းမူယာ၊ တင်းနုနု၊ ဇာဇာတင်၊ အေးလှ၊ ၉ လသားဆင်ပေါက်ကလေးနံမည်က ချော်လဲ (သို့) မိုးနှောင်းဖြစ်ပါသည်။အခြားဆင်နံမည်များမှာ အောင်တင်ဦး၊ သော်ဇင်၊ ယာမိုး၊ ကျာလိ၊ မြင့်နိုင်ဦး၊ ဇော်မြချစ်၊ အောင်ဇာတင်၊ ထိုက်ဇာစိုးနှင့် မင်းစိုးထိုက်ဟု မှည့်ခေါ်ထားကြောင်းသိရှိရပါသည်။ဆင်ပေါက်လေးက ခဏ ခဏ […]

5 Tips for Choosing the Right CDM Company – News Blog

1. Look for Relevant Experience Choose a company with experience in your specific area of research or clinical study type. Industry knowledge ensures they understand the nuances and challenges specific to your therapeutic area, leading to smoother project management and fewer errors. Tip: Ask for examples of past work in similar studies or therapeutic fields. 2. Evaluate […]