TNLA တအာင်းတပ်က ငြိမ်းချမ်းရေး ပြောဆိုလာတာက တရုတ်ဖိအားနဲ့ စစ်ကောင်စီကို ရင်ဆိုင်ရမယ့် အခြေအနေမှာ နည်းပရိယာယ် ခြေလှမ်းသစ်အဖြစ် နိုင်ငံရေးအကဲခတ်တဦးက သုံးသပ်လိုက် ပါတယ်။ တရုတ်ရဲ့ ဖိအားက စစ်ကောင်စီအပေါ်မှာလည်း ကျရောက်နေတယ်လို့ နောက်ထပ် လေ့လာသူက ထောက်ပြပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။ Source link
စစ်ကောင်စီနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ စီမံကိန်းတွေကို ကာကွယ်ဖို့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတည်ထောင်မယ့် တရုတ် အစိုးရရဲ့ အဆိုပြုချက် အပေါ် မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှု အဖြစ် မေးခွန်းထုတ်ကြပါတယ်။ Source link
မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။ ကိုဝင်မင်းဆက်သွယ်မေးမြန်းထားပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်ရဲ့ အိမ်နီးချင်း သံတမန်ရေးမှာ မြန်မာကို အရေးပါတဲ့နေရာ အမြဲထားပြီး နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ အပြောင်းအလဲတွေ ဖြစ်ရေး ကူညီနေတယ်လို့ပြောပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ ငြိမ်းချမ်းသင့်မြတ်ရေးနဲ့ လူမူစီးပွားအကူအညီပေးတာကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တာကို Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုလို တရုတ်ကနေ ဖိတ်ခေါ်မှာကို အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းလာပေမဲ့ အရင်တောက်လျှောက် ငြင်းပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာ နှစ်ဖက် ပြောင်းလဲလာတာကို အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP က မြန်မာဆိုင်ရာ ညွန်ကြားရေးမူး […]