ချင်းပြည်နယ် ဇိုမီးနယ်မြေသို့ တားမြစ်ထားသည့် ကြားမှ ကျူးကျော်ဝင်ရောက်လာပါက ချင်းညီနောင် CB နှင့် လက်တွဲပြီး CNA/CNF ကို ပြန်လည်တိုက်ထုတ်သွားမည်ဟု ဇိုမီးတော်လှန်ရေးတပ် PDF Zoland က ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ZFU/PDF Zoland တပ်သည် ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (CB) နှင့် ပူးပေါင်းပြီး ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်သွားမည်ဖြစ်သည်။ သို့သော် National Front/CNA သည် People Defence Army (PDA) အား လက်ကိုင်တုတ်အဖြစ် အသုံးချကာ တီးတိန်မြို့အား စွက်ဖက်သိမ်းပိုက်ရန် ကြိုးပမ်းလျှက်ရှိကြောင်း PDF Zoland က ဆိုသည်။ […]
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသော ချင်းအမျိုးသားတစ်ဦးကို CNA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အရေးယူပေးရန် ဇိုမီအဖွဲ့ချုပ်(Zomi Federal Union)က ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်)က ၎င်းတို့၏လူမှုကွန်ယက် Facebook စာမျက်နှာ၌ ထုတ်ပြန်တောင်းဆိုထားသည်။ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်တွင်နေထိုင်သူ စိတ်ကျန်းမာရေးချို့တဲ့နေသော တာန်လန့်ခန့်ဆွင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က တွန်းဇံမြို့သို့ သွားရောက်စဉ် တုန်းတွောင်ကျေးရွာအနီးအရောက်၌ ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော CNA က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးခံရပြီးနောက် CNA လက်နက်ကိုင်အဖွဲ့က ရိုက်နှက်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်၊ […]
နိုဝင်ဘာ ၂၅ ရက်က ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ပြည်သူ့ဆေးရုံ၏ တောင်ဘက်မီတာ ၂၀၀ ခန့်အကွာသို့အရောက် CNF/CNA အကြမ်းဖက်အင်အား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရပြီး ဖြစ်စဉ်အတွင်းမှ- CNF/CNA အလောင်း- ၃ လောင်းအမ်အေ(၃) -၁ လက်ဘီအေ(၆၃) -၂ လက်ကျည်အိမ် -၃ ခုကျည် -၃၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source link