တစ်နေကုန်လုံး ကွီးတို့ စွမ်းအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် အိပ်ရာကနေ စောစောထပြီး ဒီ လေ့ကျင့်ခန်း တွေကို လုပ်ပေးလိုက်မယ် ဆိုရင်တော့ဖြင့် တစ်နေ့တာလုံးကို energy အပြည့်နဲ့ ဖြတ်သန်းသွားနိုင်မှာ သေချာပါတယ်။ အိမ်မှာပဲ ကိရိယာ မလိုအပ်ဘဲ လုပ်လို့ရနိုင်တဲ့ အပေါ့စား လေ့ကျင့်ခန်းလေးတွေဖြစ်လို့ လိုက်လုပ်ရတာလည်း လွယ်ကူနိုင်ပါတယ်။ Workout One Source : XHIT Daily Youtube Channel Source : IU Health Youtube Channel Source : ScottHermanFitness Youtube Channel Source : U.S. Forces Fitness Youtube Channel Workout One မှာကတော့ […]
စက်တွေ ၊ လေ့ကျင့်ခန်း ကိရိယာတွေမပါပဲ ခန္ဓာကိုယ် အောက်ပိုင်းမှာရှိတဲ့ ကြွက်သားအစိတ်အပိုင်း တစ်ခုစီကို ထိရောက်မှုရှိရှိ ကြံ့ခိုင်သန်မာလာအောင် ကစားလို့ ရနိုင်ပါတယ်။ အောက်ပိုင်း မာဆယ်တွေ တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းတဲ့ ကွီးတစ်ယောက်ဖြစ်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ ထိရောက်မှုအရှိဆုံး ကစားနိုင်မယ့် လေ့ကျင့်ခန်း တွေကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း (၁) Source : FitnessBlender ပထမဆုံး ဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းကတော့ Lunges ပါ။ ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပေါင်းတွင်း ကြွက်သားတွေ ၊ တင်ပါးနဲ့ ခြေသလုံးတဝိုက်က မာဆယ်တွေကို ကြံ့ခိုင်သန်စေတဲ့အပြင် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထား မှန်ကန်စေဖို့များစွာ အထောက်အကူ ဖြစ်စေပါတယ်။ […]
Gym ကစားတဲ့အခါ မနက်ပိုင်း ကစားတာ ကောင်းတယ် ၊ ညနေပိုင်း ကစားတာ ကောင်းတယ် စသည်ဖြင့် ငြင်းခုန်နေကြ စမြဲပါ။ တကယ်တော့ လေ့ကျင့်ခန်း လုပ်ပြီဆိုတာနဲ့ မနက်ပိုင်းပဲ ဖြစ်ဖြစ် ၊ ညနေပိုင်းပဲ ဖြစ်ဖြစ် ကျန်းမာကြံ့ခိုင်ခြင်း အပါအဝင် ကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာကို ကွီးတို့ ရရှိမှာကတော့ အသေအချာပါပဲ။ ဒီဆောင်းပါးမှာတော့ မနက်ပိုင်း လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ရရှိနိုင်မယ့် ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ (၁) ကယ်လိုရီ လောင်ကျွမ်းမှု ပိုများတယ် Photo : MaybeYesNo | Best Reviews on Treadmills မနက်ခင်း Gym ကစားတာက ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို ပိုမိုအားကောင်းစေပြီး အဆီများများ […]
ကယ်လိုရီ လောင်ကျွမ်းမှုကို မြှင့်တင်ပေးပြီး ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းသုံး ကိရိယာလို့ ပြောရင် Dumbbell တွေကို မေ့ထားလို့ မရတာ အမှန်ပါပဲ။ အလေးတုံးတွေ ရှိရုံနဲ့ ကွီးတို့ အိမ်မှာပဲ အားလပ်ချိန်တိုင်းမှာ လွယ်လွယ်ကူကူ လေ့ကျင့်ခန်း ပြုလုပ်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အလုပ်များတဲ့ ကွီးတို့အတွက် အချိန် ၁၅ မိနစ် လောက် ပေးပြီး ကစားမယ်ဆိုရင်ပဲ ကြွက်သားကျစ်လစ်တဲ့ အမိုက်စား ဘော်ဒီရရှိလာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) Dumbbell Split Squat Source : STYRK Dumbbell Split Squat ကစားနည်းကတော့ Lunge လေ့ကျင့်ခန်းရဲ့ ပုံစံကွဲ တစ်ခုပါပဲ။ အရေးကြီးဆုံး […]