ylliX - Online Advertising Network

ဂျာမနီနဲ့ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတွေ ဆီးရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံ

ပြင်သစ်နဲ့ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတို့ ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာ ယာယီအစိုးရ ခေါင်းဆောင် Ahmad al-Sharaa နဲ့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတဟောင်း Bashar Assad အစိုးရပြုတ်ကျပြီးတဲ့နောက် အနောက်နိုင်ငံတွေထဲက အဆင့်မြင့်တာဝန်ရှိသူတွေ ဆီးရီးယားကို ပထမဆုံးသွားပြီး ကြားကာလအစိုးရခေါင်းဆောင်လည်းဖြစ် HTS သူပုန်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူနဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။ သမ္မတအိမ်တော်မှာ Ahmad al-Sharaa ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဥရောပနဲ့ ဆီးရီးယားကြား နိုင်ငံရေးစာမျက်နှာသစ်စဖွင့်ဖို့ ဖြစ်နိုင်တယ်ဆိုတာ ပြသတဲ့ခရီးစဉ်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကပြောကြားပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot ကလည်း ပြင်သစ်နိုင်ငံအနေနဲ့ […]

ဆီးရီးယားအာဏာရှင် အာဆတ်လက်ထက်က စစ်မှုထမ်းဟောင်းတွေ နေအိမ်က ဖယ်ရှားပေးရ

ဆီးရီးယားမှာအနိုင်ရလိုက်တဲ့ HTS သူပုန်တပ်ဖွဲ့က သူတို့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေနေဖို့ အာဏာရှင်ဟောင်း Bashar al-Assad လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေအတွက် အဖိုးနှုန်း သက်သာစွာနဲ့ နေထိုင်ခွင့်ပေးထားတဲ့ အိမ်ယာတွေကနေ မောင်းထုတ်နေပါတယ်။ အဆောက်အဦးပေါင်း ဒါဇင်နဲ့ချီရှိပြီး လူတွေရာနဲ့ချီ နေထိုင်နေကြတဲ့ Muadamiyat al-Sham (မူရာဒါမီရတ် အယ်လ် ရှမ်) အိမ်ယာဝင်းဟာ အရင် အာဆတ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိတွေအတွက် ဆောက်ပေးထားတဲ့ အိမ်ယာဝင်းဖြစ်ပြီး အခု မောင်းထုတ်ခံရတဲ့အထဲပါဝင်တဲ့ အဆောက်အဦးအများအပြားထဲက တခုအပါအဝင်ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့စစ်တပ်ကို အသစ်ပြင်ဆင် ဖွဲ့စည်းမှုတွေလုပ်ဆောင်နေပြီး အာဏာရှင်ဟောင်း အာဆတ်လက်ထက်က စစ်သားတွေကို စစ်မှုထမ်းခွင့် ရုပ်သိမ်းလိုက်တာကြောင့် အခုလို အိုးအိမ်တွေ စွန့်ခွာပေးကြရတာဖြစ်ပါတယ်။ အရင်က နှစ်ပေါင်းများစွာ ဆင်းရဲငတ်ပြတ်စွာနဲ့ ကျေးလက်ဒေသမှာ နေထိုင်ခဲ့ကြရတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ သူတို့လူတွေအတွက် နေထိုင်ရေးကို အလျင်အမြန် […]

ဆီးရီးယားအရေး သူပုန်အဖွဲ့တွေနဲ့ အမေရိကန် တိုက်ရိုက် ဆက်သွယ်

HTS လို့ အတိုကောက်ခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ရတဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို ဖြုတ်ချရာမှာပါဝင်တဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကို ဒီအဖွဲ့က ဦးဆောင်ခဲ့တာပါ။ အခု ဒီအဖွဲ့နဲ့ သမ္မတ ဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေ တိုက်ရိုက် ဆက်သွယ် စကား ပြောတာတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး ဘလင်ကန်က ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ အမေရိကန် ထိပ်တန်း အရာရှိ ဖြစ်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံစုံက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတဲ့ ဂျော်ဒန်နိုင်ငံက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။ အာဆဒ်အစိုးရ […]