Iran plans on “quite dramatically” increasing its stockpile of near weapons-grade uranium, the head of the International Atomic Energy Agency(IAEA) warned on Friday. The indications became clear after the nation signalled that it would begin cascades of advanced centrifuge, stated multiple reports. “I think it is very concerning,” Rafael Mariano Grossi, the IAEA head said, […]
မြန်မာနိုင်ငံအနေဖြင့် IAEA ၏နည်းပညာအကူအညီများကြောင့် နျူကလီးယားအသိပညာနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးဖြစ်ထွန်းမှုများရရှိခဲ့သည်ဟု သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးမင်းသိမ်းကပြောသည်။ ဗီယင်နာမြို့တွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ နျူကလီးယားသိပ္ပံနည်းပညာအသုံးချမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် IAEA ၏နည်းပညာအကူအညီများကြောင့် နိုင်ငံ၏ အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနှင့်အာဟာရကဏ္ဍ၊ ရေနှင့်ပတ်ဝန်းကျင်ကဏ္ဍ၊ စက်မှုဆိုင်ရာအသုံးချကဏ္ဍ၊ ဓာတ်ရောင်ခြည်ဘေးကင်းရေး၊ နျူကလီးယားအသိပညာနှင့်စီမံခန့်ခွဲမှုကဏ္ဍ၊ လူ့စွမ်းအားမြှင့်တင့်ရေးကဏ္ဍများတွင် အကျိုးဖြစ်ထွန်းမှုများစွာရရှိခဲ့သည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားသိပ္ပံနည်းပညာနှင့်အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးကူညီပေးနေသည့် IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကိုအသိအမှတ်ပြုသည်ဟု ပြောသည်။ ထို့အတူ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပလပ်စတစ်များကြောင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ […]
ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲဟာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အီရန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ နောက်နေ့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ အီရန်နိုင်ငံပိုင်သတင်းက ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။ အီရန်ရဲ့နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မကြာခင် အီရန်နိုင်ငံကို သွားကောင်းသွားမယ်လို့ IAEA အကြီးအကဲ Rafael Grossi ကလည်း ပြောဆိုထားတာပါ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူညီချက်ကနေ နုတ်ထွက်ထားတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း IAEA အကြီးအကဲက ပြောပါတယ်။ အီရန်နိုင်ငံနဲ့ IAEA ကြား ကာလကြာရှည် မပြေမလည်ဖြစ်နေတဲ့ ကိစ္စတွေထဲမှာတော့ ယူရေနီယံ […]