ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထားလာကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ICJ က တရားဝင်သတင်းထုတ်ပြန်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ရန် လျှောက်ထားသော နိုင်ငံပေါင်း ၁၁ ခု ရှိလာနေပြီဖြစ်ပြီး အဆိုပါနိုင်ငံများက တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ICJ တရားရုံးတွင် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ […]
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံက လျှောက်ထားလိုက်ပါတယ်။ ICJ တရားရုံးဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၆၃ အရ ကြားဝင် ဆောင်ရွက်ဖို့ Slovenia နိုင်ငံက လျှောက်ထားတယ်လို့ ICJ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ အခုလို ကြားဝင်ဖို့ Slovenia နိုင်ငံက တောင်းဆိုတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီး ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတခုအနေနဲ့ ပါဝင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာစွဲထားတဲ့ အမှုမှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဥပဒေအမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ တို့အပေါ် […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေပါဝင်တဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒုတပ်ချုပ်စိုးဝင်းနဲ့ စစ်ဗိုလ်ချုပ်ကြီး ၂၀၀ ဦးကို ICJ မှ ဖမ်းဝရမ်း ထုတ်လိုက်ပြီ။ ပွဲသိမ်းပြီဟေ့” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စိုးဝင်းအပါအဝင် […]