ylliX - Online Advertising Network

ဂမ်ဘီယာက ICJ မှာတင်ထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံကလျှောက်ထား

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံက လျှောက်ထားလိုက်ပါတယ်။ ICJ တရားရုံးဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၆၃ အရ ကြားဝင် ဆောင်ရွက်ဖို့ Slovenia နိုင်ငံက လျှောက်ထားတယ်လို့ ICJ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ အခုလို ကြားဝင်ဖို့ Slovenia နိုင်ငံက တောင်းဆိုတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီး ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတခုအနေနဲ့ ပါဝင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာစွဲထားတဲ့ အမှုမှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဥပဒေအမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ တို့အပေါ် […]