စစ်ကောင်စီဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ မနေ့က နိုဝင်ဘာ ၈ရက် ည ၁၀နာရီလောက်က ကွယ်လွန်သွားပြီလို့ သိရပါတယ်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကို စစ်ကောင်စီက ကျန်းမာရေးဆိုးဝါးချိန် သတိလစ်မေ့မျောနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေရတဲ့ မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲသို့ စစ်အာဏာ ပိုင်များက လာရောက်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားမှုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ၁၁ ရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးဝင်းခိုင် လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လာခဲ့သလို၊ ပြည်သူတွေ လျှပ်စစ်မီတာဘောက်ကုန်ကျစရိတ်လျှော့ချနိုင်အောင် စွမ်းဆောင်ခဲ့ကာ လျှပ်စစ်ကဏ္ဍလည်း များစွာတိုးတက်ပြောင်းလဲနိုင်ခဲ့ပြီး ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန်တာဟာ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုပါတယ်။စစ်တပ်ပိုင် MEC က အရည်အသွေးနိမ့်၊ […]