အီရန် ဦးဆောင်ပြီး ရုရှားနဲ့ အိုမန်တို့ ပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်ခဲ့ပြီး လေ့လာသူတွေ အဖြစ် နိုင်ငံပေါင်း ၉ နိုင်ငံက တက်ရောက်ခဲ့ကြကြောင်း အီရန်အစိုးရ ရုပ်သံမှာ ဖေါ်ပြပါတယ်။ “IMEX 2024” လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းလုံြံခုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာစေဖို့ ရည်ရွယ်သလို၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ဖို့၊ ရေကြောင်းလုံခြုံရေး၊ မိတ်ဆွေဖြစ်မှုနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်စွမ်းရှိဖို့ ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းမှာ ဖေါ်ပြထားတာပါ။ ဒီပူးတွဲလေ့ကျင့်မှုဟာ နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှု လုံခြုံစေမယ့် နည်းဗျူဟာတွေ၊ ရေကြောင်းသွားလာရေး လမ်းကြောင်း အကာကွယ်ပေးရေး၊ လူသားစာနာမှု ဆိုင်ရာမြှင့်တင်ရေး၊ ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ အချက်အလက် ဖလှယ်ရေးတွေကို လေ့ကျင့်ကြတာ […]