Source link
ရန်ကုန်၊ ဇန်နဝါရီလ ၃ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းစစ်သားအဖြစ် ၄၀၀ နီးပါး ဖမ်း ဆီးခံရ ပြီး လူငယ်များလူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် NUG အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်စွာအရေးယူပေးရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံမြို့နယ်တွင် ၆၄ ဦး ၊ ချမ်းအေး သာဇံမြို့နယ်တွင် ၂၅ ဦး ၊ မဟာအောင်မြေမြို့နယ် တွင် ၃၈ ဦး ၊ချမ်းမြသာစည်မြို့နယ် တွင် ၅၂ ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၈၂ ဦး ၊ ပုသိမ်ကြီးမြို့ နယ် တွင် ၇၇ ဦး ၊ […]
ရန်ကုန်၊ ဇန်နဝါရီ ၂ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့်ချိန် မြေပဲရိတ်သိမ်းနေသည့် တောင်သူများနှင့်ကောက်ရိတ်သမများ အကြား အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ထိမှန်မှုကြောင့် မတင်တင်မာ (အသက် ၄၀ နှစ်) ၊ မတင်မာ၏ သားဖြစ်သူ မောင်ကောင်းဇင်သန့် (၁၀ နှစ် )၊ မချစ်သဲမွန် (အသက် ၁၅ နှစ်)၊ မချိုမာ (၄၀ နှစ်)၊ မချိုမာ၏ သမီးဖြစ်သူ […]
By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို ဖယ်ရှားပြီးတဲ့နောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် စတင် ချပြလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကျဉ်းသား နဲ့ အကျဉ်းသူ ၁၆၉ ဦးကို ဒီကနေ့ နှစ်သစ်မှာပဲ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပြီး အခြားအကျဉ်းသား/အကျဉ်းသူတွေကို ထောင်ဒဏ် ၃ ပုံ၊ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးတိုင်းက စဉ့်ကိုင်မြို့နယ်မှာ အလုပ်သမားတွေကို စစ်မှုထမ်း တပ်သားသစ်အဖြစ် […]
© 2018 – 2022 Yangon Khit Thit Media. All rights reserved. Source link
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ ပြုလုပ်ကာ ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပြည်သူများ သွားရောက်ခြင်းမပြုကြရန်နှင့် ပွဲစီစဉ်သူနှင့် ဖျော်ဖြေ သူအနုပညာရှင်များပါ အရေးယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ်အခြေစိုက် တော်လှန်ရေး အင် အားစုများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ သထုံမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ – စရဖနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး အာဝါဒေးလောင်းကစားဝိုင်းများကို နေပြည်တော်စစ်ရုံးချုပ်၏ လျှိုဝှက်ညွှန်ကြားချက်ဖြင့် ခွင့်ပြုပေးနေကြောင်း၊ ယင်းလောင်းကစားဝိုင်းများမှ ရရှိ သော ငွေကြေးများကို ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့ဝင်များအတွက် လစာနှင့် အသုံးစရိတ် အဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။ ထို့အပြင် လိုအပ်လျက်ရှိသော စစ်သားအရေအတွက်ရရှိရန် လောင်းကစားဝိုင်းသို့ လာရောက်သူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း၊ ဥပမာအားဖြင့်-သထုံမြို့နယ် ၊ […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး၍ စစ်တပ်အတွင်းသို့ ဆွဲသွင်းနေ သဖြင့် ပလက်၀ဒေသမှ လူငယ်၊ လူရွယ်များ ပြည်မဘက်သို့ ထွက်ခွာခြင်းမပြုကြရန် ပလက်ဝကောင်စီက ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်း သတင်း ထုတ်ပြန်သတိပေးသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီက ပြည်သူ့စစ်ဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံ တစ်ဝန်း ပြည်မဒေသအသီးသီးတွင် လူငယ်လူရွယ်များအား ဖမ်းဆီးမှုများစွာ ဆောင်ရွက်နေသော ကြောင့် ပလက်ဝဒေသမှ လူငယ်လူရွယ်များ ပြည်မဘက်သို့ မထွက်ခွာရန် ချင်းနယ်မြေကာကွယ်ရေး တပ်ဖွဲ့- ပလက်ဝ (CDF-Paletwa) အနေဖြင့် နိုဝင်ဘာလကတည်းက တားဆီးပေးခြင်း၊ ခေတ္တထိန်းသိမ်း ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ခေတ္တထိန်းသိမ်ခြင်းခံရသည့် လူငယ်လူရွယ် ၁၉ ဦးကိုလည်း မလိုလားအပ်သော အခက် […]
By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေ ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ မြို့နယ် ၈ ခုမှာ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုး၊ လုံခြုံရေး တင်းကျပ်ဖို့ စီစဉ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media […]
By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူတွေကို တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သက်ကာ အသိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နွားထိုးကြီး People Defense Force က တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေး အဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တောင်းဆိုလိုက်သည်။ ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။ ယနေ့ အလွတ်သဘောအစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က လိုက်နာရန် ထပ်မံအတည် ပြုခဲ့ကြောင်း၊ အထူးသဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ငြိမ်းချမ်းပြီး တာရှည်ခံသည့် အဖြေတစ်ခုရရှိရေး သက်ဆိုင်သူများအားလုံးအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု မရှိ မဖြစ် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် သင့်မြတ်ရေးအတွက် အဓိက အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် […]