ylliX - Online Advertising Network

ထိုင်းနှင့်တရုတ် နယ်စပ် မြန်မာဘက်ခြမ်းရှိ KTV များတွင် မူးယစ်ဆေးဝါးရောင်းချမှု မြင့်တက်လာ

ထိုင်းနှင့် တရုတ် နယ်စပ် တကြော မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေတီဗွီ (KTV )များ ၌ မူးယစ်ဆေးဝါး ရောင်းချမှု ပိုမိုမြင့်တက်သည်ဟု စုံစမ်းသိရသည်။ မြန်မာသျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊နားကောင်းမူးမြို့များတွင် စစ်အာဏာသိမ်းပြီးနောက် KTV ဖွင့်လှစ်မှုများပြားပြီး ထိုထဲတွင် မူးယစ်ဆေးဝါးများ ထည့်သွင်း ရောင်းချလာကြောင်း တာချီလိတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူစစ် ပူပေါင်းပြီး KTV တွင် မူးယစ်ဆေးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေပြီး၊ ၎င်းနေရာတွင် စိတ်ကြွဆေးဝါးများကို အလွယ်တကူသုံးစွဲနိုင်ကြသည်ဟု ၎င်းက ဆက်ပြောသည်။ ထို KTV ထဲတွင် Ketamine Hydrochloride (K) မူးယစ်ဆေးဝါးသည် အဖြူရောင်အမှုန့် ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွမူးယစ်ဆေးတစ်မျိုး၊ […]

ရန်ပုံငွေရှာဖို့ KTV ထောင်မယ့် ဗသကဥက္ကဋ္ဌဆိုတဲ့ ငနဲ ထုတ်ပယ်ခံရ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ( ဗကသ) များအဖွဲ့ချုပ်အတွက် KTV လုပ်ငန်းဖွင့်ရန်ကြိုးပမ်းခဲ့သည့် အောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲချုပ် ဗဟိုအမှုဆောင်အဖွဲ့က ဥက္ကဌတာဝန်မှ ထုတ်ပယ်အရေးယူလိုက်ကြောင်း (ဇန်နဝါရီလ ၆ရက်နေ့) တွင် ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ဒါ့ပြင် KTV ဖွင့်ဖို့ကြိုးပမ်းခဲ့တဲ့ အထဲမှာ ဘဏ္ဍာရေးတာဝန်ခံလည်းပါတယ်တဲ့နော်.. ဟုတ်တော့ဟုတ်နေတာပဲ…။ အဲကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ဝင်တွေရဲ့ မှတ်ချက်တွေ အကြံပြုချက်လေးတွေကတော့ တွေ့တဲ့အတိုင်းပါပဲ… Source link

၂၂ ဘီးတွဲယာဥ်ပေါ် မူးယစ်ဆေးသယ်လာသူနှစ်ဦးကို ဖမ်းမိရာမှ မန္တလေးရှိ KTV များ Bar များတွင် ဖြန့်ချိ ရောင်းချမည့် ငွေကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းမိ

၂၂ ဘီးတွဲယာဥ်ပေါ် မူးယစ်ဆေးသယ်လာသူနှစ်ဦးကို ဖမ်းမိရာမှ မန္တလေးရှိ KTV များ Bar များတွင် ဖြန့်ချိ ရောင်းချမည့် ငွေကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းမိ – Myanmar Transparency News Source link

မူဆယ်မြို့ အမည်မသိလက်နက်ကိုင် ROXY KTV အနား ဗုံး၂လုံးပစ်သွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ROXY KTV အနား ဗုံး၂လုံးလာပစ်သွား ပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀)ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်အမည်မသိနက်လက်ကိုင်တပ်ဖွဲ့ မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ည ၇နာရီခွဲအချိန်မှာ ဘယ်လက်နက်ကိုင်လည်းတော့မသိဘူး မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားတယ် တစ်လုံးက ပေါက်သွားတယ်။ ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး”ဟု ၎င်းကပြောသည်။ ထို့ ဗုံး ၂ လုံးတွင် တစ်လုံးပေါက်ကွဲပြီး ကျန်သည့်တစ်လုံးကို မူဆယ်ပြည်သူစစ်အဖွဲ့က ည ၈ နာရီအချိန် ထုတ်ဖယ်ဖောက်ခွဲလိုက်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ “ပစ်လိုက်တဲ့ ၂လုံးက […]