စစ်ကိုင်းတိုင်း ဝက်လက်မြို့မှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကြောင်းတကြောင်းလုံးပျက်စီးပြီး သေဆုံးမှုများတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ အုန်နှဲဘုတ် ကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။ Source link
ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၄ ရက်နေ့ အထိ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းက ဘူးကြီးကျေးရွာ၊ အိုင်ပေါင်းချောင်နဲ့ ဝက်တိုး ကျေးရွာ ၃ ရွာက ဒေသခံ ၉၂ ယောက်ကို ၆၀၀၆ တင့်ကားတပ်ရင်းမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ Source link