(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄ အနီရောင် ပြားပြား ပဲမို့ ပဲနီပြားလို့ ခေါ်တဲ့ ပဲက ရန်ကုန် ရောက်တော့ ပဲကတ္တီပါ တဲ့ အဖြူရောင် ပြားပြား ပဲမို့ ပဲဖြူပြားလို့ ခေါ်တဲ့ ပဲက ရန်ကုန်ရောက်တော့ ပဲထောပတ် တဲ့ မြို့ဟာ အနုပညာသိပ်ဆန်တာပဲ တွံတေးကြီးသီချင်းတပုဒ် ညည်းမိသေးတော့ တောက ရှင်နှောင်း မြို့ရောက်တော့ မခင်နှောင်းတဲ့ အေးလေ ရွာကနေ ရန်ကုန်ပြောင်းသွားတဲ့ ငါ့အစ်မ အုန်းမြိုင်တောင် ဥမ္မာဖြစ်သေးတာပဲ မဆန်းပါဘူး ငါကိုက ဆန်းတယ် ထင်နေတာ စိုနေတဲ့ အဝတ်တွေ နေထုတ်မလှန်းမိသလို မှိုနံ့စွဲနေတဲ့ ရွာအင်္ကျီဟောင်းလေး မြို့တံခါးကြားမှာ ညပ်နေတော့ လွမ်းရတာ နေမကောင်းဘူး။ Join Us @ MoeMaKa Telegramt.me@moemaka […]