ylliX - Online Advertising Network

ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG နဲ့ PDF ပူးပေါင်းဖျက်ဆီးဖို့ ပြင်ဆင်လာပြန်သလား

◾ ယခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နှင့်အညီ တိုက်ခိုက်မှုစတင်မည်ဟု ညောင်ဦးပကဖ ခြိမ်းခြောက်၊ PDF တို့၏အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ဘုရားပုထိုးစေတီများပျက်စီးပြီး ခရီးသွားမလာတော့မည်ကို ဒေသခံများစိုးရိမ် နေမိုး၅. ၁. ၂၀၂၄ ဒီ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နဲ့အညီ တိုက်ခိုက်မှုစတင်မယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခြိမ်းခြောက်တဲ့ရုပ်သံ ဒီနေ့မနက်မှာ ထွက်ပေါ်လာခဲ့သလို ဒီလိုမျိုး PDF တွေရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားပုထိုးစေတီများစွာပျက်စီးပြီး ခရီးသွားမလာတော့မှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ ဖွင့်ဟလာပါတယ်။ ဒီနေ့မနက်မှာ NUG ဩဇာခံ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံဟာ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံမှာ ဒီ ၂၀၂၅ ခုနှစ်ထဲ တိုက်ပွဲတွေစတင်တော့မယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံဖိုင်လွှင့်တင် ခြိမ်းခြောက်လာခဲ့တာပါ။ ဒီခြိမ်းခြောက်မှုမှာဆိုရင် ညောင်ဦးပကဖက […]

NUG ၏ ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး သတ်ဖြတ်ခံရ 

 ယမန်နေ့ (ဇန်နဝါရီ ၂) တွင်  အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ သယံဇာတကော်မတီ အတွင်းရေးမှူးသည်  တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတွင်  ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။ အသက် ၄၅ နှစ်အရွယ် ဦးအရိန္ဒမာသည် ကောလင်းမြို့ အနောက်တောင်ဘက် ၁၅ မိုင်ကျော်အကွာ ရှမ်း ကလုံးရွာနှင့် ရွှေတွင်းရွာကြားတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း NUG သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အတည်ပြုသည်။  ကနဦးတွင် ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသည်ဟု ကြားသိခဲ့ရသော်လည်း စစ်ဆေးချက်အရ  ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အတည်ပြုသည်ဟု သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားသည်။  “အမှုဖွင့်ပြီး ဆက်လက်စုံစမ်းသွားမှာပါ။ ဖြစ်စဉ်သေချာသိရင်တော့ မဖြစ်မနေ ဖမ်းဆီးအရေးယူမှာပါ” ဟု ဒေါက်တာတူးခေါင်က Myanmar […]

မန္တလေးမြို့တွင် ဒီဇင်ဘာလအတွင်း စစ်သားအဖြစ် လူငယ် ၄၀၀ နီးပါး ဖမ်းဆီးခံရ၊ ပြင်ဦးလွင် ပြင်စာကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က လူငယ်များကို ရိုက်နှက်၍ ပေါ်တာဆွဲဖမ်းဆီးနေ – Khit Thit Media

ရန်ကုန်၊ ဇန်နဝါရီလ ၃ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းစစ်သားအဖြစ် ၄၀၀ နီးပါး ဖမ်း ဆီးခံရ ပြီး လူငယ်များလူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် NUG အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်စွာအရေးယူပေးရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံမြို့နယ်တွင် ၆၄ ဦး ၊ ချမ်းအေး သာဇံမြို့နယ်တွင် ၂၅ ဦး ၊ မဟာအောင်မြေမြို့နယ် တွင် ၃၈ ဦး ၊ချမ်းမြသာစည်မြို့နယ် တွင် ၅၂ ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၈၂ ဦး ၊ ပုသိမ်ကြီးမြို့ နယ် တွင် ၇၇ ဦး ၊ […]

နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရ – Khit Thit Media

ရန်ကုန်၊ ဇန်နဝါရီ ၂ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးအရှေ့ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်၍ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့်ချိန် မြေပဲရိတ်သိမ်းနေသည့် တောင်သူများနှင့်ကောက်ရိတ်သမများ အကြား အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ လက်နက်ကြီး ထိမှန်မှုကြောင့် မတင်တင်မာ (အသက် ၄၀ နှစ်) ၊ မတင်မာ၏ သားဖြစ်သူ မောင်ကောင်းဇင်သန့် (၁၀ နှစ် )၊ မချစ်သဲမွန် (အသက် ၁၅ နှစ်)၊ မချိုမာ (၄၀ နှစ်)၊ မချိုမာ၏ သမီးဖြစ်သူ […]

အကျဉ်းသားအကျဉ်းသူ ၁၆၀ ကျော် လွတ်ငြိမ်းခွင့် NUG ကြေညာ

နှစ်သစ် အခါသမယဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူ ၁၆၉ ယောက်ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ Source link

တစ်နှစ်အတွင်း NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက မြို့ ၂မြို့အပါအဝင် တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်ပြီး စိုးမိုးနယ်မြေ ချဲ့ထွင်နိုင်ခဲ့

၂၀၂၄ခုနှစ်အတွင်း မြို့ ၂မြို့အပါအဝင် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မဟာဗျူဟာမြောက် စစ်ဆင်‌ရေးများကို ဖော်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုများကို ရရှိခဲ့သလို စိုးမိုးနယ်မြေ ချဲ့ထွင်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။၂၀၂၄ခုနှစ်အတွင်း ဖာပွန်မြို့ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဇရပ်ကြီးမြို့ကိုလည်း တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းဌာနချုပ် (၂)ခုကိုလည်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တပ်ရင်းဌာနချုပ် (၁)ခုကိုလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ တပ်စခန်းကြီးငယ် (၂၀)ကျော်ကိုလည်း ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စိုးမိုးထိန်းချုပ် နယ်မြေတွေကိုလည်း ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို မဟာဗျူဟာမြောက်ပစ်မှတ်အဖြစ် (Rain Of Fire) စစ်ဆင်ရေးဖြင့် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကာ ရန်ကုန်မြို့ မှော်ဘီလေတပ်စခန်းဌာနချုပ်ကိုလည်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ စစ်ဆင်ရေးဖော်ဆောင် တိုက်ပွဲဝင်မှုတွေကို ပြည်သူတွေရဲ့ အားပေးကူညီမှု၊ NUG ၊ […]

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် – Khit Thit Media

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို ဖယ်ရှားပြီးတဲ့နောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွေကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် စတင် ချပြလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကျဉ်းသား နဲ့ အကျဉ်းသူ ၁၆၉ ဦးကို ဒီကနေ့ နှစ်သစ်မှာပဲ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပြီး အခြားအကျဉ်းသား/အကျဉ်းသူတွေကို ထောင်ဒဏ် ၃ ပုံ၊ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးတိုင်းက စဉ့်ကိုင်မြို့နယ်မှာ အလုပ်သမားတွေကို စစ်မှုထမ်း တပ်သားသစ်အဖြစ် […]

ရာဇဝတ်အကျဉ်းသား ၁၇၀ ခန့်ကို နှစ်သစ်ကူးတွင် NUG လွတ်ငြိမ်းခွင့်ပေး

နှစ်သစ်ကူးတွင် အကျဉ်းသား ၁၇၀ ခန့်ကို NUG က စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြန်လွှတ်ပေးလိုက်သည်။ လွှတ်ပေးလိုက်သူများထဲတွင် Non CDM များလည်း ပါဝင်ပြီး စစ်သုံ့ပန်းများ မပါဝင်ဟု သိရသည်။ Source link

အကျဉ်းသား၁၆၉ဦးကို NUG အစိုးရ လွတ်ငြိမ်းခွင့်ပြု – Voice of Revolution Live News

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေထဲက ၁၆၉ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းနဲ့ ကျန်အကျဉ်းသားတွေကိုလည်း ထောင်ဒဏ် သုံးပုံတစ်ပုံလျှော့လိုက်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့အမိန့်ထုတ်ပြန်လိုက်ပါတယ်။ဒီနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အခုလိုလွတ်ငြိမ်းခွင့်ပေးတာလို့ ဆိုပါတယ်။NUG ရဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူ (၁၆၉) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တယ်လို့ သမ္မတ ဒူဝါလရှီးလက အမိန့်စာထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် အဆိုပါအမိန့်နဲ့ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူများကို ၎င်းတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ […]