ylliX - Online Advertising Network

ထိုင်းက မြန်မာကိုဓာတ်အားဖြတ်ပြီး နယ်စပ်ထိန်းချုပ်မှုကို တင်းကျပ် | Popular

ဘန်ကောက်၊ ဖေဖော်ဝါရီ ၆ ထိုင်းနိုင်ငံသည် တရားမဝင် လုပ်ငန်းများ တိုက်ဖျက်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံရှိ ဒေသငါးခုသို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဆိုင်းငံ့ထားပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ကာကွယ်ရန် နယ်စပ်ထိန်းချုပ်မှုကို တင်းကျပ်ထားကြောင်း ဒုတိယဝန်ကြီးချုပ် ဖုန်ထမ် ဝေချရာချိုင် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ထိုင်းတပ်မတော်တို့က နယ်စပ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး သက်ဆိုင်ရာ အေဂျင်စီများ အနေဖြင့် မူ-းယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် နယ်စပ်ဒေသရှိ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ဖုံထမ်က မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တာ့ခ်ခရိုင်သို့ လာရောက်သည့် ခရီးစဉ်အတွင်း ၌ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် လျှပ်စစ်ဓာတ်အားဖြတ်တောက်ပြီးနောက် မြန်မာနိုင်ငံတွင် အွန်လိုင်းမှလိ-မ်လ-ည်လှည့်ဖြားမှုများ […]

ရှီနှင့် ပေတုံတန် တွေ့ဆုံ | Popular

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကြာသပတေးနေ့က မြို့တော်ပေကျင်း၌ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာကို လက်ခံတွေ့ဆုံခဲ့သည်ဟု ရှင်းဟွာသတင်းဌာနက ပြောကြားခဲ့သည်။ မစ္စပေတုံတန်သည် တရုတ်သမ္မတကို ပြည်သူ့ခန်းမတွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု အစိုးရအိမ်တော်က ပြောသည်။ သူ၏ တရုတ်နိုင်ငံ သို့ အစိုးရ ခရီးစဉ် အဖြစ် သွားရောက်စဉ်အတွင်း အွန်လိုင်းငွေလိ-မ်ဂိုဏ်းများ အဆုံးသတ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စသည် ပေကျင်းနှင့် အဓိကဆွေးနွေးကြမည့် အကြောင်းအရာတစ်ခုဖြစ်လိမ့်မည်ဟုသိရသည်။ ရှီနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရန်အတွက် ကြာသပတေးနေ့တွင် နိုင်ငံတော်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဌ Zhao Leji နှင့် တွေ့ဆုံသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က အစောပိုင်းတွင် ပြောကြားထားသည်။ ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများအပါအဝင် ခရီးသွားအားလုံး၏ ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးရန်အသင့်ရှိကြောင်း မစ္စပေတုံတန်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းနှင့် […]

တရုတ်ကုန်ပစ္စည်းများ လှိမ့်ဝင်လာမည့်အရေး ထိုင်း ပြင်ဆင်ထားရမည် | Popular

တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အမေရိကန်ပြည်ထောင်စုက အခွန်စည်းကြပ်မှုအသစ် ချမှတ်လိုက်ပြီးနောက် ဈေးပေါသော ကုန်စည်များလှိမ့်ဝင်လာနိုင်သည့်အခြေအနေတွင် အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများကို အကာအကွယ်ပေးမည့် အစီအမံများကို အရှိန်မြှင့်လုပ်ဆောင်ရန် ထိုင်းကုမ္ပဏီများက အလိုရှိနေကြသည်။ အကယ်၍ ဝန်ကြီးချုပ် ပေတုံတန်အစိုးရက ယင်းသို့ဆောင်ရွက်ရန် ပျက်ကွက်ခဲ့မည်ဆိုလျှင် ဈေးပေါသော သွင်းကုန်များကြောင့် ပြင်းထန်စွာ ထိခိုက်လာမည့် စက်မှုလုပ်ငန်းအရေအတွက်သည် ယမန်နှစ်တွင် ၂၃ ခုရှိခဲ့ရာမှ ၃၀ အထိ တိုးလာနိုင်သည်ဟု ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် ဥက္ကဌ Kriengkrai Thiennukul က ဗုဒ္ဓဟူးနေ့က ဘန်ကောက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သွင်းကုန်များ စီးဝင်မှုဒဏ်ကို ခံနေခဲ့ရသော လုပ်ငန်းများမှာ စတီးလ်၊ ပလပ်စတစ်၊ လျှပ်စစ်ပစ္စည်းများနှင့် အဝတ်အထည်များဖြစ်သည်ဟု ၎င်းက ဆိုသည်။ အမေရိကသို့ ထုတ်ကုန်များ မတင်ပို့နိုင်တော့သည့် တရုတ်ပို့ကုန်လုပ်ငန်းရှင်များသည် အိမ်နီးချင်းနိုင်ငံများဆီ ကုန်ပစ္စည်းများ […]

အမေရိက၏ကုန်ပစ္စည်းအချို့အပေါ် တရုတ်က တန်ပြန်အခွန်စည်းကြပ်မည် | Popular

ပေကျင်း၊ဖေဖော်ဝါရီ ၄ အမေရိက၏ တရုတ်သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုတိုးလိုက်ခြင်းကို လက်တုန့်ပြန်သည့်အနေဖြင့် တရုတ်ကလည်း အမေရိကကုန်ပစ္စည်းအချို့ကိုအခွန်စည်းကြပ်မှုတိုးမြှင့်မည်ဟုသိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က အခွန်စည်းကြပ်မှုတိုးလိုက်သည်မှာ တရုတ်တစ်နိုင်ငံတည်းသာမက ကနေဒါနှင့် မက္ကဆီကိုတို့ပါ ပါဝင်သည်ဟုလည်းသိရသည်။ အမေရိကနှင့်တရုတ်အကြား ယခုကဲ့သို့အပြန်အလှန်အခွန်စည်းကြပ်ကြခြင်းသည် ထူးဆန်းသည့်ကိစ္စမျိုးတော့မဟုတ်တော့ဘဲ ၂၀၁၈ ခုနှစ်ကတည်းက ကုန်သွယ်ရေးစစ်ခင်းနေကြခြင်းလည်းဖြစ်သည်။ တရုတ်က အမေရိက၏ ကျောက်မီးသွေးနှင့်သဘာဝဓာတ်ငွေ့ရည်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းအပြင် ရေနံစိမ်း၊စိုက်ပျိုးရေးသုံးစက်ယန္တရားများနှင့် အမေရိကန်ကတင်သွင်းသည့် အင်ဂျင်အကြီးစားကားများအပေါ် ၁၀ ရာခိုင်နှုန်းစည်းကြပ်ခွန်ထပ်တိုးကောက်ခံမှုသည်လာမည့်တနင်္လာနေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်ဟုလည်းသိရသည်။ “အမေရိကရဲ့ တစ်ဖက်သတ်အကောက်ခွန်တိုးမြှင့်မှုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေပါတယ်” ဟု နိုင်ငံတော်ကောင်စီအကောက်ခွန်ကော်မရှင်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “အခုလိုလုပ်တာဟာ အမေရိကရဲ့ကိုယ်ပိုင်ပြဿနာ‌တွေကိုဖြေရှင်းရာမှာ အထောက်အကူမဖြစ်ရုံသာမက တရုတ်နဲ့အမေရိကကြားက ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုပါထိခိုက်စေပါတယ်” ဟုလည်းဆိုခဲ့သည်။ Source : အေပီနူးစ် Source link

သြစတြေးလျကမ်းခြေ၌ ငါးမန်းကိုက်၍ မိန်းကလေးတစ်ဦးသေဆုံး | Popular

ဆစ်ဒ်နီ၊ဖေဖော်ဝါရီ ၄ သြစတြေးလျကမ်းခြေ၌ ငါးမန်းကိုက်၍ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ကြောင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်မှုအရသိရသည်။ ဒေသစံတော်ချိန် ညနေ ၅ နာရီမထိုးမီက အခင်းဖြစ်နေရာသို့ အရေးပေါ်ဝန်ဆောင်မှုများကို ခေါ်ယူခဲ့ပြီး‌နောက် ကွင်းစလန်းရဲတပ်ဖွဲ့က အဆိုပါမိန်းကလေးသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။ Nine Network ရုပ်မြင်သံကြား၏ တင်ပြမှုအရ အဆိုပါမိန်းကလေးသည် ကမ်းစပ်မှ မီတာ ၁၀၀ ခန့်အကွာတွင်ရေကူးနေစဉ် လက်မောင်းကို ငါးမန်းအကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး Surf Life Saving Queensland အဖွဲ့ကမူ နောက်ထပ်အသိပေးချက်မထုတ်ပြန်မချင်း ကမ်းခြေကိုယာယီဆက်လက်ပိတ်ထားဦးမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်ခံရမှုသည် ယခုနှစ်နွေရာသီအတွင်း ကွင်းစလန်းတွင် တတိယအကြိမ်မြောက် ငါးမန်းတိုက်ခိုက်မှုဖြစ်သည်ဟုလည်းအာဏာပိုင်များကဆိုသည်။ ဒီဇင်ဘာ ၂၈ ရက်ကလည်း ငါးမန်းကိုက်၍ အသက် ၄၀ […]

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးကို စွပ်စွဲပြစ်တင် | Popular

သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်မှု နှင့် ပြည်သူ့ရန်ပုံငွေကို သန်းနှင့်ချီ၍ အလွဲသုံးစားလုပ်ခဲ့မှု တို့ဖြင့် ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးကို အောက်လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကွန်ဂရက်လွှတ်တော် လေးလကြာ ရပ်နားမည့်အချိန်မတိုင်မီ မိနစ်ပိုင်းအလိုတွင် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၅ ရက်တွင် မစ္စဒူတာတေးအပေါ် စွပ်စွဲပြစ်တင်လိုက်ခြင်းသည် အောက်လွှတ်တော် အမတ်ဦးရေ ၃၀၀ ကျော်တွင် မဟာမိတ်အမတ်အများစုကို ပိုင်ဆိုင်ထားသည့် သူ၏ မဟာမိတ်ဟောင်း သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အကွဲအပြဲပိုမိုပြင်းထန်လာမှုကို ပြနေသည်။ အောက်လွှတ်တော်ဥက္ကဌသည် သမ္မတ၏ ဝမ်းကို ညီအစ်ကိုဖြစ်သည်။ မားကို့စ်၏ သမ္မတရာထူးအပေါ် ဆန္ဒခံယူပွဲတစ်ခုဟု ရှုမြင်ကြသော မေလရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်မည့် မဲဆွယ်စည်းရုံးရေးကာလမတိုင်မီ […]

ဂါဇာကမ်းမြောင်ကို သိမ်းယူလိုကြောင်း ထရမ့်ပ် ကြေညာ – Popular

ဒေသခံပါလက်စတိုင်းများ ကို အခြားနေရာများတွင် ပြန်လည်နေရာချထားပြီး ဂါဇာကမ်းမြောင်ကို အမေရိက,က ထိန်းချုပ်ကာ စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့တွင် ကြေငြာလိုက်ရာ ဆယ်စုနှစ်ချီကြာမြင့်ပြီဖြစ်သော အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ အမေရိက၏ မူဝါဒကို ပျက်စီးသွားနိုင်သည့် အခြေအနေဖြစ်စေသည်။ အမေရိကသို့ ရောက်ရှိနေသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ်က သူ၏ အံ့အားသင့်ဖွယ်အစီအစဉ်ကို အသေးစိတ်အချက်များကို မဖေါ်ပြဘဲ ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂါဇာရှိ ပါလက်စတိုင်းများကို အိမ်နီးချင်း အာရပ်နိုင်ငံများသို့ ထာဝရ ပြန်လည်နေရာချထားရေးအစီအစဉ်တစ်ရပ်ကို အင်္ဂါနေ့အစောပိုင်းတွင် ထရမ့်ပ်က အဆိုပြုခဲ့ပြီးနောက် ယခုကြေညာချက်ထွက်လာခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသကို “‌ေဖါက်ခွဲဖျက်ဆီးရေးနယ်မြေ” တစ်ခုဟုလည်း ထရမ့်ပ်က သုံးနှုန်းသွားသည်။ ဂါဇာကမ်းမြောင်ကို အမေရိကန်ပြည်ထောင်စုက သိမ်းယူသွားမှာဖြစ်ကြောင်း၊ ထိုဒေသကို ပိုင်ဆိုင်ပြီးပါက အန္တရာယ်ရှိသော မပေါက်ကွဲသေးသည့် ဗုံးများနှင့် အခြားလက်နက်များအားလုံးကို ဖျက်သိမ်းရန် […]

ဖိလစ်ပိုင်က စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အခြေအနေကြေငြာ – Popular

မနီလာ၊ဖေဖော်ဝါရီ ၃ ဖိလစ်ပိုင် နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက နိုင်ငံတွင်း၌ ထူးကဲစွာမြင့်တက်လာသည့် ဆန်ဈေးနှုန်းများတည်ငြိမ်စေရန် တနင်္လာနေ့က ဆန် နှင့်ပတ်သက်၍ စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အခြေအနေ ကို ကြေငြာခဲ့သည်။ “ဒီအရေးပေါ်ကြေငြာချက်က ဆန်ဈေးတည်ငြိမ်ဖို့နဲ့ ပြည်သူသန်းပေါင်းများစွာရဲ့ အဓိကအစားအစာဖြစ်တဲ့ဆန်ကို စားသုံးသူတွေ ဆက်လက်ပြီး လက်လှမ်းမီနိုင် ရရှိနိုင်ဖို့ နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) ကထိန်းသိမ်းထားတဲ့ အရန်ဆန်တွေကို ထုတ်ခွင့်ပြုတဲ့သဘောပါ” ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုအရေးပေါ်ကြေငြာချက်ကို နိုင်ငံတော်စျေးနှုန်းညှိနှိုင်းရေးကောင်စီ၏ ထောက်ခံချက်များအပေါ်အခြေခံပြီးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း‌ေလာ်ရယ်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေအရ နိုင်ငံတွင်း ဆန်ဈေးနှုန်းထူးကဲစွာ တက်လာသည်ရှိသော် စိုက်ပျိုးရေးဝန်ကြီးက အရေးပေါ်အခြေအနေကြေငြာပိုင်ခွင့်ရှိသည်ဟုလည်းသိရသည်။ ယင်းကြေငြာချက်ထွက်လာပါက စိုက်ပျိုးရေးဝန်ကြီးဌာနက နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ကထိန်းသိမ်းထားသည့် အရန်ဆန်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအာဏာပိုင်များထံထုတ်ပေးပြီး ဆန်ဈေးကျဆင်းစေရန်နှင့် ထပ်ဆင့်ဈေးတက်မှုမဖြစ်ရန်ဖြေရှင်းခြင်းလည်းဖြစ်သည်။ ယခုကြေငြာချက်သည် ဆန်ဈေးနှုန်းကျဆင်းရေးအတွက် အစိုးရ၏နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး ဆန်ဈေးကို ထိန်းမနိုင်မချင်း စားနပ်ရိက္ခာဖူလုံရေးအရေးပေါ်အခြေအနေက […]