RNA_နိုဝင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။ စစ်ဘေးဒဏ်ဆိုးရွားစွာခံနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကိုငံ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသောအားဖြင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PSLF/TNLA က ယနေ့ ထုတ်ပြန်လိုက်သည်။ “မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦီး(TNLA) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ွရက်ပါမည် ဖြစ်ပါသည်” ဟုတ် ထုတ်ပြန်တွင် ဖော်ပြထားသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် တအာလင်းလူမျိုးများအဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့်အတူတကွ တည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ […]
RNA_နိုဝင်ဘာ (၁၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)အတွင်း တအာင်းတပ်မတော် TNLA နှင့် မဟာမိတ်များက ဇွန်လိုင်လ (၂၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့် အတွက် ဒေသခံပြည်သူ (၉)ဦးသေဆုံးပြီး ကလေးငယ် (၁) ဦးအပါအဝင် (၁၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ နိုဝင်ဘာလ (၁၁) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့ပိုင်းတွင် ဒေသခံ (၄) ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အနောက်ပိုင်း ဒေသခံ (၅) ဦး သေဆုံးပြီး ဒေသခံ […]
RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLF/TNLA) မှ တပ်မတော်သားများနှင့် ပူပေါင်းတပ်မှအသက်ပေးလှူသွားသူများအားရည်စူး၍ ယနေ့ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဉ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ […]