ylliX - Online Advertising Network

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ကနေဒါနိုင်ငံသို့ သွားရောက်ကာ ပန်းဥယျာဉ်စိုက်ပျိုးရေးသမားအဖြစ် အလုပ်လုပ်ကိုင်ပြီး ၎င်း၏မျိုးနွယ်စုများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးရှာဖွေလျက်ရှိသည်။ – iMyanmarHouse.com

အဲရစ် မာနူးသည် သူ၏ အသက် ၆၇ နှစ်အရွယ် ဦးလေးဖြစ်သူ ပြီးခဲ့သောနှစ်အတွင်း ကွယ်လွန်သွားပြီး နောက်ပိုင်း မျိုးနွယ်စုအကြီးအကဲ တော်ဝင်ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ မာနူးသည် ယခင်က ကနေဒါနိုင်ငံတွင် ပန်းဥယျာဉ်စိုက်ပျိုးရေးလုပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ကာ ဇနီး၊ သားငယ်တို့နှင့်အတူ ၃ နှစ်ခန့် နေထိုင်လျက်ရှိရာမှ ဦးလေးကွယ်လွန်ချိန် ၂၀၁၅ ခုနှစ်တွင် ဂါနာနိုင်ငံတောင်ပိုင်းသို့ ပြန်လာခဲ့ကာ မျိုးနွယ်စုဘုရင် အရိုက်အရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ မာနူးသည် အဒန်စီ အဘိုအာဘို နံပါတ် ၂ ကျေးရွာတွင်ရှိသော အာကန်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ ယခုအခါတွင်မူ မာနူးက ဆင်းရဲမွဲတေလှသော မျိုးနွယ်စုအား စောင့်ရှောက်နိုင်ရန် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်သို့ ပြန်လာခဲ့ပြီး မူလ အလုပ်ဟောင်းတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ CBC သတင်းဌာနနှင့် […]

ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ – iMyanmarHouse.com

ဗီယက်နမ်နိုင်ငံ ၊ Nghe An ပြည်နယ်တွင် ဒေါင်ငွေ ၄၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်း) အကုန်အကျခံပြီး ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ထားသော အထက်တန်းကျောင်းကြီးတစ်ခု ရှိနေသည်။ သို့သော် ဆောက်လက်စတန်းလန်းဖြစ်ပြီး အပြီးမသတ်ဘဲ စွန့်ပစ်ခံထားရသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ကာ ပျက်စီးယိုယွင်းစပြုလာနေပြီ ဖြစ်သည်။ Phan Boi Chau အမည်ရှိ အထက်တန်းကျောင်းသည် ၁၉၇၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ ပညာရေးဘက်တွင် ထူးချွန်သူများစွာ ထွက်ပေါ်ခဲ့ပြီး ပညာရေးဆိုင်ရာ နိုင်ငံအဆင့် ပြိုင်ပွဲများတွင် ဤကျောင်းမှ ကျောင်းသူများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မှတ်တမ်းရှိသည်။ ၂၀၁၈ ခုနှစ်တွင် ပြည်နယ် အာဏာပိုင်တို့က ဤကျောင်းကို Hung Binh အရပ်မှ Nghi An […]

Destino Mío Mayan is a premium tourism initiative in Yucatán – The Yucatan Times

1 Premium tourism attention grows with the ‘Destino Mío Mayan Jungle Retreat’ initiative, which debuts facilities and infrastructure to provide guests with an experience of peace, relaxation, and harmony with nature. It is around 250 hectares of jungle, where comfort and gastronomy stand out. The Secretary of Tourism Development of Yucatán, Darío Flota Ocampo, accompanied […]

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트 – iMyanmarHouse.com

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာသော လိန်းလီပိုထူ (Rain Report) အမည်ရှိ ခွက်စွန်း (Croissant) နှင့် ကော်ဖီဆိုင်လေးတစ်ခု ရှိသည်။ Rain-themed ကော်ဖီဆိုင်လေးသည် အစားအသောက်ခုံမင်သူတို့အား ရေတံခွန်များ၊ ရေမြူမှုန်တို့ လွှမ်းခြုံသော ဝန်းကျင်၊ တီထွင်ဆန်းသစ်သော Croissant များဖြင့် ဆွဲဆောင်လျက်ရှိသည်။ လိန်းလီပိုထူ ကော်ဖီဆိုင်လေး၏ တည်နေရာမှာ ဆိုးလ်မြို့တော်၊ Seongsu အရပ်တွင် ဖြစ်သည်။ အနီးဆုံး မြေအောက်ဘူတာမှာ Seongsu Station ဖြစ်သည်။ ဘူတာမှ မီတာ ၈၅၀ ခန့်အကွာတွင် တည်ရှိပြီး လမ်းလျှောက်သွားလျှင် ၁၃ မိနစ်မှ ၁၅ မိနစ်ကြားသာ ကြာမြင့်သည်။   (ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ရေကန်တစ်ခုကို တွေ့ရမည် ဖြစ်သည်)   […]

ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ – iMyanmarHouse.com

ဒေါ်နယ်ထရမ့် ဂျူနီယာသည် အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသား ဖြစ်သည်။ ကင်ဘာလေ ဂဲဖွိုင် (Kimberly Guilfoyle ) သည် ဒေါ်နယ်ထရမ့်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရန်ပုံငွေရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ဒေါ်နယ်ထရမ့်က သူမအား ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ကင်ဘာလေသည် ထရမ့်ဂျူနီယာမတိုင်မီ အိမ်ထောင် ၂ ဆက် ရှိခဲ့ဘူးပြီး ဆန်ဖရန်စစ္စကိုမြို့တော်ဝန် ဂါဗင်နယူးဆမ်နှင့် ပရိဘောဂလုပ်ငန်းရှင်တို့ ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ကင်ဘာလေက ထရမ့်ဂျူနီယာနှင့် ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဘဲ အတူနေလျက် ရှိသည်။ ယခုအခါ ထရမ့်ဂျူနီယာက ဖလော်ရီဒါပြည်နယ်မှ ဘက်တီနာ အန်ဒါဆန်ဟူသော မိန်းကလေးနှင့် ချစ်ကြိုက်နေကြောင်း သတင်းများ […]