ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာမှ အသက် ၃၆ နှစ်အရွယ် တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်ဝင်းစိုးမှာ ၎င်း၏မိသားစုအတွက် နေ့စဥ် ၆ ကြိမ် ၇ ကြိမ်ခန့် ခေါက်တုံ့ခေါက်ပြန် ရေသယ်စရာ မလိုတော့ပေ။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဖော်ဆောင်လျက်ရှိသည့် ကျေးလက်ဒေသ ရေပေးဝေရေး စီမံကိန်းကြောင့် ကိုနိုင်ဝင်းစိုးမှာ ယခုဆိုလျှင် ၎င်း၏ခြံထဲရှိ ရေတိုင်ကီမှ သန့်ရှင်းသောရေများကို အလွယ်တကူ ရရှိနေပြီဖြစ်သည်။ ထိုစီမံကိန်းက နေ့စဥ် မီတာ ၄၀၀ အကွာအဝေးအထိ ရေသယ်ယူရသော ၎င်း၏ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေသည်။ “အရင်ကဆိုရင် ကျွန်တော်တို့ ရေခပ်ရတဲ့နေရာက တော်တော့်ကိုဝေးတယ်ဗျ။ အထူးသဖြင့် နွေရာသီရောက်ပြီဆိုရင် ရေရှားပါးတာက ပြဿနာကြီးတစ်ခုဖြစ်သလို […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး သရုပ်ပြစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ (Xinhua) Source link
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲအား ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ ချာလီသန်း အစရှိသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက နှုတ်ခွန်းဆက်စကား ပြောကြားပြီး သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ […]
နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က LMC ပလက်ဖောင်းကို ထူထောင်ပြီး မြန်မာနိုင်ငံအား ပံ့ပိုးကူညီမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေး သုတေသနနှင့် တိုးချဲ့ရေးတို့ကို အာရုံစိုက်ရန် အရေးကြီးကြောင်း၊ဒေသတွင်း ကျွမ်းကျင်ပညာရှင်များနှင့် တောင်သူလယ်သမားများကြား ကွာဟချက်ကို ဖြည့်ဆည်းရန် လိုအပ်ကြောင်း ဒုတိယ ဝန်ကြီးကဆိုသည်။ ညီလာခံသည် […]