၁၆ ဇန်နဝါရီလ လီဗာပူးလ်ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့ခြင်းမှာ ပြင်းထန်လွန်းသည့် ဖိအားများကြောင့်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ အသက် (၅၇)နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး နှစ်ပေါင်း (၃၀) ကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံနှင့် ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား (၇) လုံး ရယူပေးခဲ့သည်။ ကလော့ပ်သည်သည် လီဗာပူးလ်ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိထားသော်လည်း ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။ Red Bull အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က လီဗာပူးလ်အသင်းမှထွက်ခွာခဲ့သည့် အကြောင်းရင်းကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က “ဘောလုံးနည်းပြအဖြစ် (၂၅) နှစ် အလုပ်လုပ်ခဲ့ပါတယ်။ ဒီအလုပ်က အရမ်းပြင်းထန်ပြီး ဖိအားများပါတယ်။ ကျွန်တော်က အရာရာကို သိချင်တဲ့သူဖြစ်ပြီး အဲဒီဖိအားတွေကို မခံနိုင်တော့ပါဘူး။ […]
ဒီဇင်ဘာ ၂၁ ရက်နေ့ လီဗာပူးလ်နှင့် မန်ယူအသင်း၏ ပရိသတ်များသည် လာမည့်လအတွင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လက်မှတ်စျေးနှုန်းအတွက် ထပ်မံဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ လီဗာပူးလ်နှင့် မန်ယူအသင်း၏ ပရိသတ်များသည် လာမည့်လအတွင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လက်မှတ်စျေးနှုန်းအတွက် ထပ်မံဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ ယင်းနှစ်သင်းမှ ပရိသတ်များသည် ဒီဇင်ဘာ(၁) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော မန်ယူ – အဲဗာတန်၊ လီဗာပူးလ် – မန်စီးတီးပွဲများတွင်လည်း လက်မှတ်စျေးနှုန်းမြှင့်တင်ခြင်းအတွက် ဆန္ဒပြခဲ့ကြသည်။ ယခုအခါ ဇန်နဝါရီ(၅)ရက်၌ ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် – မန်ယူပွဲတွင် အန်ဖီးလ်ကွင်း၌ နှစ်ဖက်အသင်းပရိသတ်များ ပူးပေါင်း၍ ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ်တွင် တစ်ရာသီ စာလက်မှတ်စျေးနှုန်းအများဆုံးစာရင်း၌ မန်ယူက အဆင့်(၇)၊ လီဗာပူးလ်က အဆင့်(၁၀)ရပ်တည်နေကြောင်း […]