ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေများ တွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီမှ စက်သုံးဆီ တင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မိုင်းနောင်၊ မိုင်းရှူး၊ကျေးသီး၊ မိုင်းကိုင်၊မိုင်းရယ် စသည့် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ သျှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် စက်သုံးဆီ တင်ဆောင်သည့် ကားများသည် နယ်မြေ ဖြတ်ကျော်ရန် အတွက် စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူး ထောက်ခံစာ အထောက်အထားများ စစ်ဆေးပြီးနောက် ထိုမြို့နယ်များတွင် စက်သုံးဆီများ စတင်ပြတ်လပ် နေကြောင်း သိရသည်။ “တောင်ကြီးမြို့ အထွက်မှာ ဆီဘောက်ဆာကားတွေ တန်းစီနေတာပဲ။ အဲ့ မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင် မိုင်းရယ် ကိုသွားမဲ့ကားတွေ။တောင်ကြီးကနေ […]
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း သိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့က တိုက်ပွဲဖြစ်ဖို့ကလည်း ဖြစ်နိုင်ချေတော့နည်းတယ်။စစ်ရေးတင်းမာတာတွေ အချင်းချင်း ငြိတာ တွေကလည်း ခဏခဏဖြစ်တယ်။အောက်ကလူတွေပဲမကြာမကြာ အချင်းချင်းတင်းနေကြတာ။ပြီးရင် အပေါ်က လူကြီးတွေ အချင်းချင်းတော့ စကားပြန် ပြောကြပါတယ်။”ဟု က စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ ကျောက်မဲမြို့တွင် SSPP/SSA နှင့် TNLA တို့ စစ်ရေးတင်းမာမှုကြောင့် […]