ပြင်သစ်နဲ့ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတို့ ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာ ယာယီအစိုးရ ခေါင်းဆောင် Ahmad al-Sharaa နဲ့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတဟောင်း Bashar Assad အစိုးရပြုတ်ကျပြီးတဲ့နောက် အနောက်နိုင်ငံတွေထဲက အဆင့်မြင့်တာဝန်ရှိသူတွေ ဆီးရီးယားကို ပထမဆုံးသွားပြီး ကြားကာလအစိုးရခေါင်းဆောင်လည်းဖြစ် HTS သူပုန်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူနဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။ သမ္မတအိမ်တော်မှာ Ahmad al-Sharaa ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဥရောပနဲ့ ဆီးရီးယားကြား နိုင်ငံရေးစာမျက်နှာသစ်စဖွင့်ဖို့ ဖြစ်နိုင်တယ်ဆိုတာ ပြသတဲ့ခရီးစဉ်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကပြောကြားပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot ကလည်း ပြင်သစ်နိုင်ငံအနေနဲ့ […]