McKenzie handed All Blacks 10 shirt for Ireland Test · The 42 Sign in or createa free account To continue reading create a free account Or sign into an existing account Source link
ဒီရာသီ မန်စီးတီးကို ဂန်းနားတွေ ဘာကြောင့်ကျော်ပြီး ဖလားရမလဲဆိုတာ ရှင်းပြခဲ့တဲ့ ဖာဘရီဂတ်စ် – Official Arsenal Myanmar Source link
လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုက ဗုဒ္ဓဟူးနေ့ညက သူ့ရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ ၄-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာကို မြင်တွေ့ခဲ့ရပြီးနောက် ဂန်းနားတွေဟာ ဒီရာသီမှာလည်း နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးကို ရာသီနောက်ဆုံးပွဲစဉ်အထိ ပရီးမီးယားလိဂ်ဖလားအတွက် ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ကျဉ်းမြောင်းတဲ့ရမှတ်ကွာဟမှုကြောင့် ဖလားလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ၂ နှစ်ဆက်တိုက် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီနွေရာသီမှာ လူအင်အားဖြည့်တင်းမှု အများအပြား ပြုလုပ်ပြီး လာမယ့်ရာသီမှာ မန်ချက်စတာစီးတီးကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ကစားသမားသစ်ခေါ်ယူမှုအများအပြား မပြုလုပ်နိုင်သေးပေမယ့်လည်း အာဆင်နယ်ဟာ လေဗာကူဆင်ကို ဇင်ချန်ကို၊ ထရော့ဆာ့ဒ်၊ ဂျေးဇု၊ ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုက အာဆင်နယ်အသင်းရဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပြီးနောက် နောက်လာမယ့်ရာသီမှာ […]
အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ အသင်းဖော် အိုလက်ဇန်းဒါး ဇင်ချန်ကိုနဲ့ ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီတို့ကို အံ့အားသင့်ဖွယ် နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မက်ဆီဟာ ဘောလုံးလောကရဲ့ အဓိကဆုဖလားအားလုံးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အကြီးကျယ်အခမ်းနားဆုံး ကစားသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ဘလွန်ဒေါဆုကိုလည်း ၈ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာမှာ အကောင်းဆုံးအချိန်ကာလတွေကို ဖြတ်သန်းခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ဒေးဗစ် ဘက်ဟမ်းရဲ့ အင်တာမိုင်ယာမီအသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။ မက်ဆီဟာ အရည်အချင်းပိုင်းမှာ ဇင်ချန်ကိုနဲ့ မယှဉ်သာအောင် များစွာ ကွာခြားတဲ့ အဆင့်အတန်းမှာရှိနေပေမယ့် အော်ဒီဂွါဒ်က အာဂျင်တီးနားဂန္တဝင်နဲ့ ယူကရိန်းနောက်ခံလူတို့ကြားက တူညီမှုတွေကို မြင်တွေ့နေရတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ […]
ဂရန်းနစ် ချာကာဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်သွားရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ နေ့တိုင်း အဆက်အသွယ်ရှိနေဆဲဖြစ်တဲ့ အာဆင်နယ်အသင်းဖော်ဟောင်း ၃ ဦးက ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၇ နှစ်ကြာ ကစားပေးခဲ့တဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေ ဖြစ်လာမယ့် ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသငး်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချာကာဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၂ လုံးအထိ ထူးထူးခြားခြား ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့်သာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၃ လုံးတပြိုင်နက်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော ဘောလုံးအသင်းဖြစ်လာမယ့်အခွင့်အရေးကို […]
ဖူလ်ဟမ်အသင်းဟာ တနင်္လာနေ့ညကကို လာလီဂါကလပ် ဆီဗီလာနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အာဆင်နယ်ကနေ အသစ်ခေါ်ယူထားတဲ့ စမစ် ရိုးက ပွဲဦးထွက်မှာ ခေါင်းတိုက်သွင်းဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပေါင် ၃၄ သန်းအထိ မြင့်တက်နိုင်တဲ့ သဘောတူညီမှုနဲ့ ဖူလ်ဟမ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဟေးအမ်းအကယ်ဒမီထွက်ကစားသမားက ကစားသမားဘဝတလျှောက်လုံးကို အမ်းမရိတ်စ်မှာ ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်မှာ အောင်မြင်မှုတွေ ရယူချင်ခဲ့ပေမယ့်လည်း အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ခွင့်မရရှိခဲ့တဲ့နောက် ပုံမှန်ပွဲကစားချိန်ရရှိဖို့အတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စမစ် ရိုးဟာ တနင်္လာနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းဝတ်စုံနဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့ပြီး အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ပွဲကစားချိန် ၇ မိနစ်အတွင်းမှာပဲ ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ […]
လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးက အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ လူစာရင်းထဲ ကစားသမားသစ်ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတဲ့ကိစ္စတွေကို လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက် လှုပ်ရှားမှုဟာ ထင်သလောက် မသွက်လက်ခဲ့ဘဲ ဒေးဗစ် ရာယာ ဘရန့်တ်ဖို့ဒ်ကနေ အပြီးသတ်ပြောင်းလာတာ၊ ကာလာဖီအိုရီကို ဘိုလော့ဂ်ညာကနေ ခေါ်ယူနိုင်ခဲ့တာရယ်သာ ရှိသေးတာပါ။ ဘိုလော့ဂ်ညာကနေ ကာလာဖီအိုရီကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်လို့ အာဆင်နယ်က နွေရာသီစျေးကွက်မပိတ်ခင် လက်ကျန်အချိန်တွေမှာ နောက်ထပ် တိုးတက်မှုရှိလာဖို့ လိုအပ်နေတဲ့ နေရာအများအပြားအတွက် အင်အားဖြည့်တင်းဖို့ ကြိုးစားသွားရဦးမှာပါ။ အာတီတာက ရာသီကြိုခရီးစဉ်အတွင်း “ဒီလိဂ်မှာ ပြီးပြည့်စုံမှုရှိဖို့က မတူညီတဲ့ စံနှုန်းတွေလိုအပ်ပါတယ်။ ဒီစကားလုံးနဲ့ ဆက်စပ်အောင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့က ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ကျွန်တော်တို့ တိုးတက်အောင် လုပ်ချင်တဲ့နေရာတွေရှိနေပြီး အထူးသဖြင့် ကျွန်တော်တို့ […]
အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ယန်း လေမန်းက စပိန်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ အိမ်ရှင် ဂျာမနီတို့ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရောဘတ် အန်းဒရစ်ချ်ရဲ့ ဆံပင်ပုံစံအသစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယူအီးအက်ဖ်အေကို ပန်းရောင်ဆံပင်အရောင်ထားတာကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ လေဗာကူဆင်ကြယ်ပွင့် အန်းဒရစ်ချ်က စပိန်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ သောကြာနေ့ညပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ ပန်းရောင်ဆိုးထားတဲ့ ဆံပင်ပုံစံသစ်ကို ပြသခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားရဲ့ ဆံပင်ပုံစံဟာ ဘောလုံးဝေဖန်သူ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကြားမှာ လှောင်ပြောင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအစောပိုင်းမှာ လေဗာကူဆင်ကြယ်ပွင့်က ပလက်တီနမ်ရွှေအိုရောင်ရင့်ရင့် ဆံပင်အရောင်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အန်းဒရစ်ချ်က သောကြာနေ့ည ပွဲမတိုင်ခင် ဂျာမနီအသင်းကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း နာဂယ်စ်မန်းရဲ့အသင်းက ကိုယ့်မြေကိုယ့်ရေမှာ အသည်းကွဲခဲ့ရတဲ့ပွဲမှာတော့ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း […]
ဒီကလန် ရိုက်ဟာ ဒိန်းမတ်နဲ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အိုင်ယာလန်အသင်းဖော်ဟောင်း ဂျိမ်းစ် မက်ကလင်းက ပြစ်တင်ဝေဖန်ခဲ့မှုကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂန်းနားတွေရဲ့ ပေါင်သန်း ၁၀၀ တန် စံချိန်တင် ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့အတူ ကောင်းမွန်တဲ့ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ ခြေစွမ်းကို နောက်ထပ်အဆင့်တစ်ခုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲက ဒီကလန် ရိုက်ရဲ့ စွမ်းဆောင်ရည်ဟာ ဂန်းနားတွေအတွက် ပြသခဲ့တဲ့ခြေစွမ်းလောက် ကောင်းမွန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒိန်းမတ်နဲ့ တစ်ဖက် ၁ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်း ကွင်းလယ်မှာ အလက်ဇန်းဒါး-အာနိုးနဲ့ ချိတ်ဆက်ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဆောက်ဂိတ်က […]
ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ချ်ဟာ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ စဉ်းစားမယ့်အသင်းစာရင်းထဲကို ထည့်သွင်းခဲ့တယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ဒီနွေရာသီမှာ ကင်းမစ်ချ်ကို စာချုပ်သစ် မချုပ်နိုင်ရင် လာမယ့်နှစ် အလွတ်နဲ့ ထွက်ခွင့်ပေးရတော့မှာဖြစ်ပါတယ်။ ကင်းမစ်ချ်ဟာ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးခြင်းမရှိသေးဘဲ ဥရောပတလွှားက အသင်းတွေက နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ Sky Germany ရဲ့ သတင်းအရ ကင်းမစ်ချ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရဖွယ်မရှိဖို့များနေပြီး ဘွန်ဒက်စ်လီဂါအသင်းက ဂျာမန်ကွင်းလယ်လူကို ဒီနွေရာသီမှာ […]