The Cure (1995) IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေးပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။ အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။ အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ […]