ylliX - Online Advertising Network

ယူကရိန်းစစ်ပွဲ အမြန်ဆုံး ရပ်စဲဖို့ ရွေးကောက်ခံသမ္မတထရမ့် တောင်းဆို

ယူကရိန်းမှာ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ယူကရိန်းနဲ့ ပြင်သစ်သမ္မတတို့နဲ့ ပါရီမြို့တော်မှာ တွေ့ဆုံအပြီး ဒီကနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ ရက်ပေါင်း ၁ ထောင်ကျော် စစ်ပွဲရပ်ရေး ယူကရိန်းက ညှိနှိုင်းဖို့ လိုလားကြောင်းလည်း သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။ အစကတည်းက မဖြစ်သင့်တဲ့ စစ်ပွဲကြောင့် ယူကရိန်းရော ရုရှားမှာပါ စစ်သည် ထောင်သောင်းချီ သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ အမြန်ဆုံးအပစ်အခတ် ရပ်စဲပြီး၊ ဆွေးနွေးညှိနှိုင်းမှုတွေ စသင့်ပြီလို့လည်း တိုက်တွန်းခဲ့တာပါ။ အသက်ပေါင်းများစွာ အချည်းအနှီး ဆုံးရှုံးနေရပြီး၊ မိသားစုပေါင်းများစွာ ဘဝပျက်နေရတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် စတင်ကြိုးပမ်းဖို့လည်း ရုရှားသမ္မတ Vladimir Putin ကို တိုက်တွန်းထားပါတယ်။ ယူကရိန်းသမ္မတ Volodymyr […]