အမေရိကန်မှာ လူပေါင်းသန်း ၁၇၀ လောက် သုံးနေကြတဲ့ TikTok ကို အသုံးပြုခွင့် တားမြစ်တဲ့ ဥပဒေ ဒီနေ့ကစ အသက်ဝင်သွားပါပြီ။ ဥပဒေ စတင်အသက်ဝင်မယ့်နေ့ မတိုင်ခင် စနေနေ့ နှောင်းပိုင်းမှာကတည်းက Apple နဲ့ Google App stores တွေမှာလည်း မရှိတော့ပါဘူး။ ရွေးကောက်ခံသမ္မတ Donald Trump ကတော့ မနက်ဖြန် တနင်္လာနေ့မှာ သမ္မတအဖြစ် စတင်တာဝန်ယူတဲ့အခါ TikTok ကို တားမြစ်တဲ့ ဥပဒေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားဖို့ သေချာသလောက် ရှိတယ်လို့ မနေ့ကပဲ ပြောခဲ့တာပါ။ တရုတ်နိုင်ငံက ByteDance ကုမ္ပဏီပိုင် TikTok ကတော့ အမေရိကန်မှာ အသုံးပြုခွင့် တားမြစ်တဲ့ ဥပဒေ စတင်ကျင့်သုံးတော့မှာ ဖြစ်ပေမဲ့ ရွေးကောက်ခံ […]