ylliX - Online Advertising Network

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း ဒေါ်လာ သန်း ၅၀၀ ဖိုး ကန် ထပ်ကူညီမည်

ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခုခံနေရတဲ့ ယူကရိန်းအတွက် နောက်ထပ် လက်နက်ခဲယမ်းနဲ့ စစ် လက်နက်ပစ္စည်း ဒေါ်လာသန်း ၅၀၀ ဖိုး သမ္မတဂျိုးဘိုင်ဒင်အစိုးရသက်တမ်း မကုန်ဆုံးမီ နောက်ဆုံးအဖြစ် ထောက်ပံ့ပေးသွားမယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရတာဝန်ရှိသူက VOA ကိုပြောခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ ကြာသပတေးနေ့ ဂျာမနီနိုင်ငံ Ramstein မှာကျင်းပမယ့် ယူကရိန်းကာကွယ်ရေး မဟာမိတ်များအစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန် Lloyd Austin နောက်ဆုံးအနေနဲ့ တက်ရောက်မှာဖြစ်ပြီး အဲဒိအစည်းအဝေးမှာ ထုတ်ဖေါ်ကြေညာမယ်လို့ အမေရိကန် အရာရှိက VOA ကိုပြောခဲ့ပါတယ်။ ဒီနိုင်ငံ ၅၀ ပါဝင်တဲ့ မဟာမိတ်တွေရဲ့ အစည်းဝေးကို ယူကရိန်း သမ္မတ Volodmyr Zelenskyy လည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒီကနေကြာသပတေးနေ့မှာပဲ ရုရှားနဲ့ယူကရိန်းကြား ဒရုန်းတွေ မစ်ဇိုင်းဒုံးတွေနဲ့အပြန်အလှန်ပစ် ခတ်တိုက်တိုက်ကြပါတယ်။ ရုရှားက ယူကရိန်းမြို့တော် Kyiv […]