ylliX - Online Advertising Network

မောင်းမကန်ကမ်းခြေ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ | Myawady Webportal

  မောင်းမကန်ကမ်းခြေ၌  လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ   ထားဝယ်   ဇန်နဝါရီ   ၆      တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်မြို့  မောင်းမကန်ကမ်းခြေ၌ ပွင့်လင်းရာသီတွင်   လာရောက်လည်ပတ်သူ များပြားစည်ကားလျက်ရှိကြောင်း သိရသည်။  ၂၀၂၁ ခုနှစ်နောက်ပိုင်း မောင်းမကန်ကမ်းခြေသို့  လာရောက်လည်ပတ်သူ နည်းပါးခဲ့ပြီး  ပွဲတော်ကာလများသာ စည်ကားခဲ့သော်လည်း ယခုနှစ်  ပွဲတော်ကာလများနှင့် ပွင့်လင်းရာသီတို့တွင် လာရောက်လည်ပတ်သူများ  ပိုမိုများပြားလာသည်။  မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့၏ အထင်ကရ ကမ်းခြေများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး   ရပ်နီးရပ်ဝေးမှ ခရီးသွားလာဧည့်သည်များ၊ အပန်းဖြေကြသူများနှင့် လာရောက်လည်ပတ် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် စားသောက်ဆိုင်တန်းများ ရှိသည့်အတွက် လာရောက်လည်ပတ်သူများ အဆင်ပြေကြောင်း   သိရသည်။ Source link

ကြောင်းအမျိုးမျိုးကြောင့်နေရာဒေသအသီးသီးသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ် | Myawady Webportal

ကြောင်းအမျိုးမျိုးကြောင့်နေရာဒေသအသီးသီးသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း   ၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကိုလွှဲပြောင်းရယူခဲ့ရသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ DCS လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊  အဖွဲ့အစည်းများ၏သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့ သောကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊  နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာများနှင့်   ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း   သိရှိရပါသည်။ ၂။ ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ […]

ဒီဇင်ဘာ အားကစားလနှင့် လမ်းလျှောက်ခြင်း ကျန်းမာရေး | Myawady Webportal

  ဒီဇင်ဘာ အားကစားလနှင့် လမ်းလျှောက်ခြင်း ကျန်းမာရေး        နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအား အလေးထားပြုလုပ်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် အသက်ရှည်ကျန်းမာလန်းဖြာမှသာ မိမိတို့၏ နိစ္စဓူဝအမှုကိစ္စများကို တက်ကြွရွှင်လန်း အားစိုက်ခွန်စိုက် အလုပ်လုပ် နိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလကို အားကစားလအဖြစ် သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများအဖြစ် ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများအား နိုင်ငံတစ်ဝန်းတွင် ကျင်းပကြခြင်းဖြစ်သည်။ အဆိုပါဒီဇင်ဘာအားကစားလ  စုပေါင်းလမ်းလျှောက်ပွဲများ     ကျင်းပဆောင်ရွက်ခြင်းသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်ဖြစ်သည်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လူအများဖြင့်ဖြစ်စေ စုပေါင်းဆောင်ရွက်သည့် လှုပ်ရှားဆောင်ရွက်မှုအားလုံးသည် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက်  ပါဝင်ဆောင်ရွက်သူအားလုံး ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျန်းမာပျော်ရွှင်သော သူများဖြစ်စေရေးအတွက် […]

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပဉ္စမပတ်)စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် | Myawady Webportal

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပဉ္စမပတ်)စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ – ၂၉ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာန ချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံစစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြ ကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်း တန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်နှင့် […]

လူတိုင်းကျန်းမာကြံ့ခိုင်သော ဘဝကိုပိုင်ဆိုင်နိုင်စေဖို့ ကိုယ်လက်လှုပ်ရှား ကစားကြပါစို့ | Myawady Webportal

  လူတိုင်းကျန်းမာကြံ့ခိုင်သော ဘဝကိုပိုင်ဆိုင်နိုင်စေဖို့ ကိုယ်လက်လှုပ်ရှား ကစားကြပါစို့         လူသားတိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်နိုင်စေရန် အားကစားလှုပ်ရှားမှုကို အချိန်ပေးပြုလုပ်သင့်သကဲ့သို့ မိမိတို့ နေ့စဉ် နေထိုင်မှုဘဝတွင်လည်း သွက်လက်စွာလှုပ်ရှား လုပ်ကိုင်သွားလာကြရန်လိုသည်။   အချိန်ကြာမြင့်စွာတီဗွီကြည့်ရင်း   အသင့်စားအစာများ စားသောက်ခြင်း၊ ဖုန်း၊ ကွန်ပျူတာများ ကြည့်ရှုချိန်များခြင်း၊ လုပ်ငန်းခွင် တွင်ထိုင်၍ အလုပ်လုပ်ချိန်များခြင်းသည် မိမိကျန်းမာရေးကို ထိခိုက်စေနိုင်သည်။  လုပ်ငန်းခွင်၌  အထိုင်များသူများအနေဖြင့်  ပုံမှန်ကိုယ်လက် လှုပ်ရှားကစားခြင်းကို   အချိန်ပေးပြုလုပ်သင့်သည်။   ဘော်လီဘော၊ ဘောလုံး၊   ကြက်တောင်၊  တင်းနစ်  စသောအားကစားများသာမက လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး၊ ပြေးခြင်း၊ အားကစားကလပ်များ တွင် ပါဝင်ကခုန်ခြင်း၊ gym ကစားခြင်း စသောကိုယ်လက်လှုပ်ရှားမှုများသည်  ကျန်းမာရေးကို  များစွာအထောက်အကူ ပြုစေနိုင်သည့်အပြင် အရွယ်မတိုင်မီသေဆုံးမှုကိုလည်း သိသာစွာလျှော့ချနိုင်သည်ကို တွေ့ရ သည်။ […]

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ | Myawady Webportal

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ နေပြည်တော်  ဒီဇင်ဘာ ၂၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်     လူတစ်ဦးချင်းမှအစပြု၍တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပသည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ  စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်း များကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီးအားကစားနှင့်  ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့်အာဟာရမုန့်များပေးဝေကြသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်   စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်  စုစုပေါင်းအင်အား ၄၀၀၀ နီးပါးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ    ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။    Source […]

ကျိုင်းတုံမြို့၌ နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့ ကျင်းပပြုလုပ် | Myawady Webportal

ကျိုင်းတုံမြို့၌ နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့ကို ယနေ့ညနေပိုင်းတွင် အဆိုပါမြို့ရှိ ခရိုင်အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။     ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသား နေ့အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အထိမ်းအမှတ်ပြခန်းများအား လှည့် လည်ကြည့်ရှုကြသည်။ ထို့နောက် အာခါတိုင်းရင်းသားအဆိုရှင်များက အမျိုးသားနေ့ အဖွင့်သီချင်းအား သီဆိုကြသည်။ ၎င်းနောက် တိုင်းမှူးက နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် […]