ylliX - Online Advertising Network

Yagi ဒဏ်ကူညီရေး ဒေါ်လာ ၃ သန်း အမေရိကန် ထပ်ပေး

မြန်မာနိုင်ငံမှာ Yagi မုန်တိုင်းဒဏ် ခံထားရသူတွေကို ကူညီဖို့ အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၃ သန်းပေးမယ်လို့ ကြေညာပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင် ပညာရှင်အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလဆန်းပိုင်းက ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီးနောက်မှာ အခုလို နောက်ထပ် အကူအညီပေးဖို့ ဖြစ်လာတာလို့ အမေရိကန် အစိုးရထုတ်ပြန်ချက်ကို ရန်ကုန်သံရုံး Facebook မှာ ဖော်ပြထားပါတယ်။ Yagi မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေနဲ့ လိုအပ်တဲ့ လူသားချင်းစာနာအကူအညီတွေအတွက် နောက်ထပ်ပေးမယ့် ဒေါ်လာ ၃ သန်းဟာ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူအညီတွေအတွက် ထပ်တိုးပေးထားတဲ့ ဒေါ်လာ ၄၇ သန်းကျော်အပြင် နောက်ထပ် ပေးတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတဝန်း အရေးပေါ်အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝန်းတွေကို အကူအညီပေးဖို့ အ‌မေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားတယ်လို့ […]