ရှားပါးတဲ့ခေတ်ပျက်ကြီးထဲ ပိုင်ဆိုင်မှုတွေမြုပ်နှံဖို့အသေချာဆုံးနေရာက အိမ်ခြံမြေပဲတဲ့။ ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း အိမ်ခြံမြေဥပဒေကို နှံ့နှံ့စပ်စပ်သိထားမှသာ အိမ်ခြံမြေဂျင်း ကင်းဝေးနိုင်မှာမလား။ ဒီကနေ့ iMyanmarHouse.com ရဲ့ အပတ်စဉ်အိမ်ခြံမြေအမေးအဖြေအစီအစဉ်မှာတော့ မြေနဲ့ပတ်သတ်တဲ့ အမေးအများဆုံးဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်။ မေးခွန်း (၁) – နှစ်ဦးအမည်ပေါက် ပူးတွဲပိုင်ဆိုင်သည့် မြေကွက်ကို တစ်ဦးတည်းက ရောင်းချခြင်းသည် တရားဝင်ပါသလား။ လူပုဂ္ဂိုလ်နှစ်ဦး ပူးတွဲ ဝယ်ယူ ပိုင်ဆိုင်ထားသည့် မြေကွက် သို့မဟုတ် နှစ်ဦးပူးတွဲ အမည်ပေါက်မြေကွက် ကို နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ထဲ၏ ဆန္ဒဖြင့်ရောင်းချခြင်းဖြစ်ပါက အဆိုပါ ရောင်းချခြင်းသည် ရောင်းချသူတစ်ဦးတည်းပိုင်ဆိုင်သည့်ဝေစုအတွက်သာ အတည်ဖြစ်ပါမည်။ သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၁၅ အရသက်သာခွင့်ပေးရန်မှာ ဝယ်ယူသူအနေဖြင့် သဘောတူညီ ထားသည့် ရောင်းဖိုးငွေအားလုံးကိုပေးချေ၍ ရောင်းရန် ပဋိဉာဉ်ပြုထားသူ ခံစားပိုင်ဆိုင်ခွင့်ရှိသည့် ဝေစု အတွက်သာ ရယူရန်ဆန္ဒရှိရမည်ဖြစ်ပြီး […]
https://www.youtube.com/watch?v=K8bftNDxR3E #Daily_NewsPublished 4 January 2025 ၁။ ဒီဇင်ဘာအတွင်း ငွေတောင်ကမ်းခြေသို့ ခရီးသွားလေးသောင်းကျော်လာရောက်လည်ပတ် ၂။ ကိုးလတာအတွင်း မြေဩဇာတန်ချိန် ၁၄ သိန်းကျော်နှင့် ပိုးသတ်ဆေးတန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့ ၃။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ငါးရက်ကြာ ကျင်းပမည် ၄။ ရာသီဥတုဖောက်ပြန်မှုနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဗီယက်နမ်နှင့်ဟွန်ဒူးရပ်စ်တို့၌ကော်ဖီအထွက်နှုန်းကျဆင်း … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
အမေရိကန်နိုင်ငံ Minnesota မြို့က ကမ္ဘာ့အတိတ်ဆိတ်ဆုံးအခန်းထဲမဝင်ဖူးသေးရင်တော့ တိတ်ဆိတ်ခြင်းဟာ ရွှေကဲ့သို့တန်ဖိုးရှိတယ်လို့ သင်ထင်မိမှာပါ ။ ရောက်ဖူးသူတိုင်း တစ်နာရီထက် ပိုမနေနိုင်လို့ ကမ္ဘာ့အတိတ်ဆိတ်ဆုံးအခန်းလို့နာမည်ကြီးပါတယ်။ အမေရိကန်နိုင်ငံ Minnesota မြိုမှာရှိပြီး Orfield Laboratories လို့အမည်ရကာ တစ်ခေါက်တစ်ခါသွားကြည့်သင့်ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်ထဲဝင်သွားတဲ့အဆိုပါ အတိတ်ဆိတ်ဆုံးအခန်းထဲ စစဝင်ချင်းမိနစ်အနည်းငယ်အတွင်းမှာတင် ကိုယ်ပိုင်နှလုံးခုန်သံကိုစတင်ကြားလာရပြီး ခဏအကြာခန္ဓာကိုယ်ထဲကအရိုးတွေရဲ့လှုပ်ရှားမှုအသံနဲ့ သွေးစီးဆင်းနေတဲ့အသံတွေကိုတောင် ဖမ်းမိနိုင်တဲ့အထိတိတ်ဆိတ်လွန်းပါတယ်။ တကယ့်ကိုအံ့ဩဖွယ်ပါပဲ။ အခန်းကိုအလုံပိတ်လိုက်တဲ့အခါမှာ ပြင်ပက အသံဘာကိုမှမကြားနိုင်တော့ပဲ အခန်းတွင်းမှအသံတွေကိုပဲ အကျယ်ကြီးပဲ့တင် ထပ်မြည်သည်အထိ ကြားရပြီးနောက်မှာတော့ ကိုယ်ခန္ဓာထဲက လှုပ်ရှားမှုအသံစဉ်တွေကိုပါကြားရလာပါတယ်။ ကမ္ဘာ့အတိတ်ဆိတ်ဆုံးအခန်းမှတိုင်းတာနိုင်သော အသံနှုန်းမှာ –24.9 dBA အထိရှိတယ်လို့ ထိုအခန်းငယ်ကိုစတင်တည်ဆောက်ခဲ့သူ Steven J. Orfield က ဆိုထားပါတယ်။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ […]
Tesla တည်ထောင်သူ Elon Musk ၏ ကြွယ်ဝမှုမှာ မကြာသေးမီက စံချိန်တင် မြင့်တက်ခဲ့ရာ ဒေါ်လာ ၄၀၀ အထက် ချမ်းသာသည့် ကမ္ဘာ့ပထမဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ Bloomberg ဘီလျံနာညွန်းကိန်းအရ Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၄၄ ဘီလီယံဖြစ်ပြီး ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိရန် နီးကပ်လာနေပြီဖြစ်ကြောင်း ဖော်ပြသည်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၃ နေရာတွင် ရပ်တည်နေသော ပုဂ္ဂိုလ် ၃ ဦးမှာ (၁) Elon Musk (၂) Jeff Bezos နှင့် (၃) Mark Zuckerberg တို့ဖြစ်သည်။ ယခုဆောင်းပါးတွင် ၎င်းတို့ ၃ ဦး၏ စံအိမ်ကြီးများအကြောင်း ဖော်ပြသွားမည် […]
https://www.youtube.com/watch?v=C3U85J8dnNk #Daily_NewsPublished 1 January 2025 ၁။ အဝေးပြေးယာဉ်လိုင်းများမှ တစ်ဆင့်ပို့ဆောင်သည့် ကုန်ပစ္စည်းများကိုဖွင့်ဖောက်စစ်ဆေးမည် ၂။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု လိမ်လည်သူများကို အရေးယူမှုအရှိန်မြှင့်မည် ၃။ ပြည်တွင်းထုတ် စားဆီဈေးရောင်းပွဲတော်ကျင်းပမည် ၄။ ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် ကာလဝမ်းရောဂါဖြစ်ပွားမှုများပြားလာသဖြင့် WHO က အရေးပေါ်ကျန်းမာရေးအခြေအနေကြေညာ … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
#Local_NewsPublished 31 December 2024 ▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြည်သူ့ရင်ပြင်တွင် ယနေ့ပြုလုပ်မည့် Yangon 2025 Countdown Festival နှစ်သစ်ကူးပွဲတော်အတွက် လာရောက်ဆင်နွဲကြမည့် ပြည်သူများအပြန်ခရီးအဆင်ပြေစေရန် အတွက် YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ ▪️ အဆိုပါ YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲနိုင်ရန်YRTC မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်သို့ လာရောက်သူများအတွက် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)စသည့် ယာဉ်လိုင်း (၇)လိုင်းတို့ကို ဒီဇင်ဘာလ ၃၁ […]
အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးအိမ်ခြံမြေများတွင် ပါဝင်သော အိမ်ခြံမြေတစ်ခု အရောင်းဈေးကွက် ဝင်နေရာ မိုင်အမ်မီ ကမ်းလွန်မှ Indian Creek ကျွန်းတွင်ရှိသည့် မြေကွက်တစ်ခုဖြစ်သည်။ အဆိုပါမြေကွက်ကို ဝယ်ယူနိုင်မည့် အလွန်တရာ ချမ်းသာသောသူသည် Jeff Bezos နှင့် အိမ်နီးချင်း ဖြစ်လာမည် ဖြစ်သည်။ ခေါ်ဈေးမှာ ကြောက်ခမန်းလိလိ များပြားလှရာ ဝယ်ယူလိုသူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည် ဖြစ်သည်။ ကမ်းစပ်တွင် တည်ရှိပြီး မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ရခြင်းမရှိသေးသော မြေကွက်ဖြစ်ကာ မြေကွက်အကျယ်မှာ ၁ ဒသမ ၈၄ ဧကသာ ရှိသည်။ ကျယ်ဝန်းလှသော မြေနေရာမဟုတ်သော်လည်း ကန်ဒေါ်လာ သန်း ၂၀၀ အထိ ဈေးခေါ်ထားသည်။ သို့သော် အမေရိကတွင် ဈေးအကြီးဆုံး မဟုတ်သေး။ အမေရိကတွင် […]
နေအတော်မြင့်ပြီ။ ပုဆိန်ခုတ်သံတို့မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ Pachgaon ကျေးရွာအနီးရှိ ဝါးတောတခွင် ပဲ့တင်ထပ်နေသည်။ ခရစ်ကက်ကွင်းထက် ပိုမိုကြီးမားသည့် ဂိုဒေါင်ကြီးမှာ ဝါးစည်းတို့ဖြင့် ပြည့်နှက်နေသည်။ အရွယ်အစားအလိုက် သေသေသပ်သပ် စီရရီထားရှိထားသည်။ အနီးတွင် သစ်တော၏ အရောင်အတိုင်း ဆေးသုတ်ထားသော ပြတင်းပေါက်မရှိသည့် ရုံးခန်းငယ်တစ်ခု ရှိသည်။ Pachgaon ရွာလေးမှ ဆင်းရဲနုံချာသော ရွာကလေးအဖြစ်မှ ဆယ်စုနှစ်တစ်ခုအတွင်း ချမ်းသာကြွယ်ဝသော ရွာကြီးအဖြစ်သို့ ပြောင်းလဲသွားပုံမှာ အံ့အားသင့်ဖွယ်ပင်။ ရွာအနီးရှိ ဝါးတောကို ယခင်က ဒေသခံမျိုးနွှယ်စုပိုင်ဆိုင်ခဲ့သော်လည်း ကိုလိုနီခေတ်နှင့် ယင်းနောက်ပိုင်းတွင် ပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့သည်။ မကြာသေးမီဆယ်စုနှစ်များကမူ ဒေသခံတို့ကို ပိုင်ဆိုင်ခွင့်ပေးသည့် ဥပဒေချမှတ်ခဲ့ပြီးနောက် Pachgaon ရွာလေးမှ ဆင်းရဲရာမှ ချမ်းသာလာခြင်းလည်း ဖြစ်သည်။ (Pachgaon ရွာလေးရှိ ဝါးသိုလှောင်ထားရှိရာနေရာမှာ သစ်တောက ရွာလေးအတွက် […]
အဲရစ် မာနူးသည် သူ၏ အသက် ၆၇ နှစ်အရွယ် ဦးလေးဖြစ်သူ ပြီးခဲ့သောနှစ်အတွင်း ကွယ်လွန်သွားပြီး နောက်ပိုင်း မျိုးနွယ်စုအကြီးအကဲ တော်ဝင်ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ မာနူးသည် ယခင်က ကနေဒါနိုင်ငံတွင် ပန်းဥယျာဉ်စိုက်ပျိုးရေးလုပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ကာ ဇနီး၊ သားငယ်တို့နှင့်အတူ ၃ နှစ်ခန့် နေထိုင်လျက်ရှိရာမှ ဦးလေးကွယ်လွန်ချိန် ၂၀၁၅ ခုနှစ်တွင် ဂါနာနိုင်ငံတောင်ပိုင်းသို့ ပြန်လာခဲ့ကာ မျိုးနွယ်စုဘုရင် အရိုက်အရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ မာနူးသည် အဒန်စီ အဘိုအာဘို နံပါတ် ၂ ကျေးရွာတွင်ရှိသော အာကန်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ ယခုအခါတွင်မူ မာနူးက ဆင်းရဲမွဲတေလှသော မျိုးနွယ်စုအား စောင့်ရှောက်နိုင်ရန် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်သို့ ပြန်လာခဲ့ပြီး မူလ အလုပ်ဟောင်းတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ CBC သတင်းဌာနနှင့် […]
ဗီယက်နမ်နိုင်ငံ ၊ Nghe An ပြည်နယ်တွင် ဒေါင်ငွေ ၄၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်း) အကုန်အကျခံပြီး ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ထားသော အထက်တန်းကျောင်းကြီးတစ်ခု ရှိနေသည်။ သို့သော် ဆောက်လက်စတန်းလန်းဖြစ်ပြီး အပြီးမသတ်ဘဲ စွန့်ပစ်ခံထားရသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ကာ ပျက်စီးယိုယွင်းစပြုလာနေပြီ ဖြစ်သည်။ Phan Boi Chau အမည်ရှိ အထက်တန်းကျောင်းသည် ၁၉၇၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ ပညာရေးဘက်တွင် ထူးချွန်သူများစွာ ထွက်ပေါ်ခဲ့ပြီး ပညာရေးဆိုင်ရာ နိုင်ငံအဆင့် ပြိုင်ပွဲများတွင် ဤကျောင်းမှ ကျောင်းသူများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မှတ်တမ်းရှိသည်။ ၂၀၁၈ ခုနှစ်တွင် ပြည်နယ် အာဏာပိုင်တို့က ဤကျောင်းကို Hung Binh အရပ်မှ Nghi An […]