ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဥ်များအနေဖြင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က အသိပေးထားသည်။ အဆိုပါ YBS ယာဥ်များပေါ်၌ မီးသတ်ဆေးဘူးများ ထားရှိရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မျမှ လိုက်လံစစ်ဆေးသည့်အခါ ယာဉ်ပေါ်တွင် မီးသတ်ဆေးဘူးမပါရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်ခိုင်းခြင်း၊ ဒါဏ်ငွေရိုက်ခြင်းနှင့် မီးသတ်ဆေးဘူး တပ်ဆင်မပြီးမချင်း ယာဉ်မထွက်ခွင့်မပြုခြင်း စသည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဟုဆိုသည်။ ထို့ပြင် YBS ယာဉ်များတွင် အသင့်အသုံးပြုနိုင်သော အရန်ဘီး၊ ပြုပြင်မှုတန်ဆာပလာ၊ အရေးပေါ်ထွက်ပေါက်၊မှန်ခွဲရန်တူ သို့မဟုတ် ပုဆိန်၊ ရှေးဦးသူနာပြုဆေးသေတ္တာ စသည့်အရာများ စီစဉ်ထားရှိရန်လည်းသက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 𝙈𝙃𝙏𝙉𝙀𝙒𝙎 Source link
ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း (ဂိတ်ရင်း)မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား)အထိဖြစ်ကြောင်း သိရသည်။ ပြေးဆွဲပေးသွားမည့် လမ်းကြောင်းအနေဖြင့် အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း) မှ- ပဲခူးမြစ်- စစ်တောင်း- ယုဇနမုဒ်ဦး- ပိတောက်ကွေ့- ၅ လမ်း- ၁၁ လမ်း- ၁၄ လမ်း- ပုဏ္ဏမီ- ပဲခူးမြစ်လမ်း- အိုးအိမ်မှတ်တိုင်မှ ယခင်မူလသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား) မှ ပြန်လည်ထွက်ခွာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မူလလမ်းကြောင်းအတိုင်းဖြစ်ပြီး အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း)တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ Source link
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ဒီကနေ့ပြုလုပ်မယ့် Yangon 2025 Countdown Festival နှစ်သစ်ကူးပွဲတော်သို့ လာရောက်ဆင်နွဲကြမယ့် ပြည်သူတွေ အပြန်ခရီးအဆင်ပြေစေဖို့အတွက် YBS ယာဉ်လိုင်း ၇ လိုင်းပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ ပြေးဆွဲပေးမယ့်ယာဉ်လိုင်းတွေက YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နဲ့ YBS (8) တို့ ဖြစ်ကြပြီး ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီကနေ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ယခုပြုလုပ်မယ့် 2025 Yangon New Year Countdown ပွဲတော်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က […]
#Local_NewsPublished 31 December 2024 ▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြည်သူ့ရင်ပြင်တွင် ယနေ့ပြုလုပ်မည့် Yangon 2025 Countdown Festival နှစ်သစ်ကူးပွဲတော်အတွက် လာရောက်ဆင်နွဲကြမည့် ပြည်သူများအပြန်ခရီးအဆင်ပြေစေရန် အတွက် YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ ▪️ အဆိုပါ YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲနိုင်ရန်YRTC မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်သို့ လာရောက်သူများအတွက် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)စသည့် ယာဉ်လိုင်း (၇)လိုင်းတို့ကို ဒီဇင်ဘာလ ၃၁ […]
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းများအနက် ယာဉ်စီးနှင်းသူများ၏ ချီးကျူးမှုခံရသည့် ယာဉ်မောင်းများကို ဆုများချီးမြင့်ရန် စီစဉ်နေကြောင်း သိရသည်။ ချီးမြှင့်ပေးအပ်မည့် ဆုများတွင် တာဝန်သိယာဉ်မောင်းဆု၊ စံပြယာဉ်မောင်းဆု၊ လူမှုကွန်ရက်တွင် ခရီးသွားပြည်သူများ၏ ချီးကျူးမှုခံရသည့် ယာဉ်မောင်းဆုများ ပါဝင်နေသည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။ ဆုများအနက် တာဝန်သိယာဉ်မောင်းဆုမှာ ခရီးသည်များ၏ ပစ္စည်းမေ့ကျန်မှုအပေါ် တာဝန်သိစွာပစ္စည်းပြန်လည်ပေးအပ်သော ယာဉ်မောင်းများကို ရွေးချယ်ဆုပေးမည်ဖြစ်ကာ စံပြယာဉ်မောင်းဆုသည် သက်ဆိုင်ရာယာဉ်လိုင်းကုမ္ပဏီများမှ ရွေးချယ်တင်ပြလာသည့်အပေါ် ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ ထို့အပြင် လူမှုကွန်ရက်တွင် ခရီးသွားပြည်သူများ၏ ချီးကျူးခြင်းခံရသော ယာဉ်မောင်းများကိုလည်း ချီးမြှင့်မည်ဖြစ်ကာ ယင်းဆုချီးမြှင့်ခြင်းကို လာမည့် ဇန်နဝါရီလအတွင်း YBS ပြေးဆွဲမှုနှစ်ပတ်လည်ရက်၌ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ဆုများအားလုံးကို YRTC ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ယာဉ်အသွားအလာမှတ်တမ်းများဖြင့် စစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်းလိုက်နာသူကိုသာ […]