ylliX - Online Advertising Network
ဒီဇင်ဘာလအတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှုစာရင်း

ဒီဇင်ဘာလအတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှုစာရင်း


တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာလအတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။

-အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့ အပါအဝင် အခြားနယ်မြေမျာအတွင်းဖြစ်ပွားခဲ့သော နယ်မြေရှင်းလင်းစဉ်ထိတွေ့မှုများ၊ တပ်စခန်းများသို့ လာရောက် တိုက်ခိုက်သည့်ဖြစ်စဉ်များနှင့် ဝေဟင်မှကင်းထောက်ပြီး လေကြောင်းနှင့်မြေပြင်တပ်များ ပူးပေါင်း တိုက်ခိုက်စဉ် ရန်သူထိခိုက်ကျဆုံးမှုအခြေအနေမှန်ကိုသိရှိနိုင်စေရန် ဖော်ပြပေးခြင်းဖြစ်ပါတယ်။

-ရခိုင်ပြည်နယ်ဘက်ရှိ တိုက်ပွဲဖြစ်စဉ်များကို ပြန်လည်တင်ပြရမယ်ဆိုရင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဝင် ၁၀၀၀ ကျော်အား ကျောက်တော်မှတဆင့် စစ်တွေ၊ အမ်း၊ တောင်ကုတ်သို့ စစ်ကူများပို့ဆောင်နေစဉ် လေကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း၊ ဒီဇင်ဘာလ (၃၁)ရက်နေ့က အကြမ်းဖက်မှုကို မလိုလားသည့် ရခိုင်ဒေသခံများမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် (၃၀၀)ကျော်ခန့် ရခိုင့်အချုပ်အချာအာဏာကျဆုံးခြင်း (၂၄၀) နှစ်မြောက်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေကြောင်း သတင်းပေးပို့မှုအရ လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့ခြင်း၊ စစ်တွေမြို့အားတိုက်ခိုက်ရန် ဝါးဘို၊ စပါးထား၊ သံခုံ၊ ကျောက်ပြင်ဆိပ်၊ ခမောင်းတော၊ အလယ်ဇီးကိုင်း၊ ညိုရောင်၊ မီးလောင်၊ ကွမ်းတောင် တို့တွင် စုဖွဲ့နေသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် ၄၀၀ ကျော်ခန့်အား ကင်းထောက်ဒရုန်းများဖြင့်ကြည့်ကာ တိုက်ခိုက်ရေးဒရုန်းများ၊ လက်နက်ကြီးများ၊ တိုက်ခိုက်ရေးလေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်ချေမှုန်းခဲ့ခြင်း၊ မောင်တော နခခ(၅)အား လာရောက်တိုက်ခိုက်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် ၁၃၀၀ နီးပါးအား လေကြောင်းမှတိုက်ခိုက်ချေမှုန်းခဲ့ခြင်းနှင့် နခခ(၅)သို့ စစ်ကူလာသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲဝင် ၃၀၀ ခန့်အား လေကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းတို့ကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ပြီး ရန်သူအား ပိုမိုအထိနာစေခဲ့ပါတယ်။

-အလားတူ ကချင်ပြည်နယ်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကြမ်းဖက် KIA/PDF ၅၀၀ ကျော် သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၄၀၀ ကျော်မှာ ဗမာ PDF တွေ ဖြစ်ကြောင်း သိရှိရ။ သေဆုံး PDF အလောင်းများအား ၁၀ ယောက် ၁ ကျင်းနှုန်း ကျင်းကြီးများတူး ဖြစ်သလိုမြေမြုပ်ခဲ့ကြကာ သေဆုံး KIA အဖွဲ့ဝင်များကိုတော့ ကောင်းကောင်းမွန်မွန်မြုပ်နှံ၍ ဆုတောင်းပွဲများ လုပ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

-မှတ်ချက်။ မြေပြင်သိမ်းဆည်းရမိ အလောင်းလက်နက်၊ ဝေဟင်ကင်းထောက်မှု၊ ဖမ်းဆီးရမိအကြမ်းဖက်များ၏ ထွက်ဆိုချက်များနှင့် ကြားဖြတ်သတင်းများမှ အရေအတွက်များကိုသာဖော်ပြထားသဖြင့် မြေပြင်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *