ylliX - Online Advertising Network

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ နိုင်ငံနှစ်ခုသို့ တရားမဝင်အလုပ်သမားများပို့ ဆောင်ခဲ့သူ(၈)ဦးကိုဖမ်းမိ


မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင်အလုပ်သမားများပို့ဆောင်ခဲ့သူ(၈)ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတားမှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်မွန်းလွဲ ၂ နာရီက မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ် စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် မြန် မာနိုင်ငံသား(၁၁)ဦးထံမှ မြန်မာနိုင်ငံကူးလက် မှတ်အတု(၁၁)အုပ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့် One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ နွယ်နီလှိုင်မင်း ၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်)ဗလတို့က တစ်ဦးလျှင်ဝန်ဆောင်ခအဖြစ် ငွေကျပ်သိန်း(၈၀)စီ၊ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း(၇၀)စီရယူ၍ မြန်မာ နိုင်ငံကူးလက်မှတ်အတုများပြုလုပ်ပေးကာ မြဝတီမြို့မှထိုင်းနိုင်ငံသို့ပို့ဆောင်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန်စီစဉ်ထားကြောင်းတို့ကို ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကိုအမှုဖွင့်လှစ်ခဲ့ပြီး သက်ဆိုင် ရာရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ရာမှ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ဝဏ္ဏဇော်(ခ)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်သူများဖြစ်သည့် ညိုမင်း၊ ဂျွန်ကိုကို(ခ)ဂျွန်ကို၊ ထွန်းရီ၊ အလုပ်သမားများကို မလေးရှားနိုင်ငံသို့တရားမဝင်ပို့ဆောင်ပေးသူများဖြစ်သည့် စန်းဝင်း(ခ)ရဖီးနှင့် သန့်ဇင်ဦးတို့အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ မြန်မာနိုင်ငံကူးလက်မှတ်အတုပြုလုပ်ခဲ့မှုများ၊ အကျိုးအမြတ်ခွဲဝေရရှိမှုများ၊ အလုပ်သမားများအား ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင်စေလွှတ်ခဲ့မှုများ၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်)အတုပြုလုပ်မှုများနှင့် မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်အတုပြုလုပ်ခဲ့မှုများကို ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *