ylliX - Online Advertising Network
ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ - Khit Thit Media

ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ – Khit Thit Media


ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နေ့လည်ပိုင်း အထိ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ တောင်ရဲစခန်း ၊ လူပျိူဆောင်၊ စိုက်ပျိုးရေရုံး ၊ ထွေအုပ်ရုံး၊ ဘဏ်ရုံးနှင့် ရုပ်သံ ကုန်းနေရာ အသီးသီးတို့ကို ရော့ကတ်များအပါအဝင် ဒရုန်း ဗုံးသီးများ ၊ ၆၀ မမ များ ဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ပစ်မှတ်နေရာများကို ထိရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင် စီ တပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ထိခိုက် ပျက်စီးမှုများကို စုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်း အတိအကျတော့မသိရသေးပါဘူး စုံစမ်းဆဲပါ ။ ထီးလင်းမြို့က စစ်ကြောင်းဟာ မြို့နီးနားက ကျေးရွာတွေကိုမကြာခဏ စစ်ကြောင်းထွက်ပြီး ဖမ်းဆီးသတ်ဖြတ်မီးရှို့တာတွေရယ် ပြီးတော့ စစ်ကောင်စီလက်အောက်ကနေ အမြန်ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အလင်းဝင်လာဖို့ ပြောချင်တာပါ”ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဗျူဟာ – ၈၁ ၊ ထီးလင်းမြို့နယ်ခရိုင် တပ်ရင်း များ၊ ခရိုင် ပကဖ ၊ မြို့နယ် ပလဖ နှင့် ယောဧရာ (က.ပ.စ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *