ylliX - Online Advertising Network

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ပြော


ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ ” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။

ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် Asean Club Championship/AFF Shopee Cup 2024-2025 အုပ်စု(A)ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရှေ့နှစ်ပွဲမှာ ရလဒ်မကောင်းခဲ့လို့ မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ တီရန်ဂါနူးအသင်းက ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အသင်း။ ပြည်ပကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒါပေမယ့် အသင်းရဲ့အားနည်းချက်တွေအားလုံးကို ပြင်ဆင်ထားပါတယ်” ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနို ကပြောသည်။

ထို့အတူ တီရန်ဂါနူးအသင်းနည်းပြချုပ် Mr. Badrul Afzan Razali မှလည်း “အသင်းအတွက် အားထားရတဲ့ ပြည်ပကစားသမားသုံးဦးမပါနိုင်ပါဘူး။ ဒါပေမယ့် local ပလေယာတွေအနေနဲ့ အကောင်းဆုံးကစားသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်၏ လက်ရှိချန်ပီယံဖြစ်၍ ပြိုင်ဘက်ကို လေးလေးစားစားယှဉ်ပြိုင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းနှင့် တီရန်ဂါနူးအသင်းတို့သည် မနက်ဖြန် ဇန်နဝါရီ ၈ ရက်ည ၆ နာရီ၌ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကာ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေပိုင်းက သုဝဏ္ဏဘောလုံးကွင်းတွင် Official Training ပြုလုပ်ခဲ့ကြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *